အောက်တိုဘာ၂၁ရက်နေ့တုန်းက GQ Korea ဟာ ရုပ်ရှင်သရုပ်ဆောင် Lee Dohyun နဲ့ နိုဝင်ဘာလထုတ်မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ရင်း ခဏတာအင်တာဗျူးလုပ်ခဲ့ပါတယ်။ အင်တာဗျူးမှာတော့ Lee Dohyun က Hotel del Luna ဇာတ်ကားထဲက သူ့ဇာတ်ကောင် Go Chungmyung နဲ့ပတ်သက်ပြီး အလေးပေးပြောသွားခဲ့တာကို kstarlive အရသိရပါတယ်။

သူဟာ အရင်ဆုံး IU အကြောင်းပြောခဲ့ပါတယ်။ Lee Dohyun နဲ့ IU တို့ဟာ Hotel del Luna ဇာတ်ကားထဲမှာ အရင်ဘဝကချစ်သူတွေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။ Lee Dohyun ကတော့ “ခင်ဗျားသိပါတယ်။ အဲ့ဒီကားမှာ ကျွန်တော်တို့ရဲ့ချစ်ပုံပြင်က အဆုံးသတ်မကောင်းခဲ့ဘူး။ ဒါကြောင့် နောက် IU နဲ့ ထပ်တွေ့တဲ့အခါကျရင် ပျော်စရာဇာတ်သိမ်းလေးပဲဖြစ်ချင်မိတယ်။”

“IU နဲ့ ကျွန်တော်နဲ့က တော်တော်ရင်းနှီးပါတယ်။ ကျွန်တော်တို့ ရန်ဖြစ်တယ်ဆိုရင်လည်း တော်တော်ကြီးမားတဲ့ကိစ္စကြောင့်ပဲဖြစ်လိမ့်မယ်။ လူတွေကတော့ ကျွန်တော်တို့ရင်းနှီးလွန်းလို့ တကယ့်စုံတွဲတွေလို့ ထင်ကောင်းထင်မှာပါ။ ” လို့ ဆိုခဲ့တာပါ။

ထို့နောက် လူသိများတဲ့သူ့ဇာတ်ကောင်အကြောင်းနဲ့ပတ်သက်ပြီးမေးတဲ့အခါမှာတော့ Lee Dohyun က Go Chungmyung ဇာတ်ကောင်ကိုပဲရွေးချယ်ခဲ့ပါတယ်။ “ကျွန်တော်ကတော့ Go Chungmyung ပဲထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက IU ဇာတ်ကောင် Manwol အပေါ်အများကြီးလွှမ်းမိုးမှုရှိတယ်လေ။ Go Chungmyung က Hotel de Luna ထဲမှာ အရေးပါတယ်။”

အင်တာဗျူးအဆုံးပိုင်းမှာတော့ “အရင်က ကျွန်တော်ပါတဲ့ ဇာတ်ဝင်ခန်းတွေကိုကြည့်တိုင်း နောင်တရဖူးတယ်။ ဒါပေမဲ့ IU ကပြောတယ်။ ကျွန်တော်က အမြဲတမ်းအကောင်းဆုံးကြိုးစားလို့ ဒီထက်ပိုပြီးကောင်းအောင်မလုပ်နိုင်တော့ဘူးတဲ့။ IU ကျေးဇူးကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ပိုပြီးသည်းခံတတ်လာတယ်။” လို့လည်း IU ကြောင့် သူ့စိတ်သဘောထားပြောင်းလဲခဲ့ပုံကိုလည်း Lee Dohyun က ပြောပါသေးတယ်။

CeleNow