Kris ဆိုတာကတော့ အာရှမိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံနေရတဲ့ အဆိုတော် သရုပ်ဆောင်တစ်ယောက်ပါ။ သူဟာ အရင်ကဆိုရင် SM Entertainment ရဲ့ လက်အောက်မှာရှိတဲ့ boy band EXO ရဲ့ အဖွဲ့ခွဲ EXO-M ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ (၂၀၁၂)တုန်းက EXO ရဲ့ (၁၁)ယောက်မြောက် အဖွဲ့ဝင်အဖြစ်နဲ့ ပွဲဦးထွက်ခဲ့ပေမယ့် (၂၀၁၄) မှာတော့ SM ရဲ့လက်အောက်မှာရှိတဲ့ EXO ကနေ ထွက်ခဲ့ပါတယ်။

SM ကနေ ထွက်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး မကြာသေးခင်က ရေဒီယိုအင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ နိုဝင်ဘာ(၉)ရက်နေ့တုန်းက Bootleg Kev၊ DJ Damage တို့နဲ့ အတူ ‘The Real After Party’ ဆိုတဲ့ ရေဒီိယို Show တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ Pharrell တို့လို နာမည်ကြီးရက်ပ်ပါတွေနဲ့အတူ အလုပ်လုပ်ရတဲ့ အတွေ့အကြုံတွေကို အဓိကထားပြောခဲ့တာပါ။ အဲ့လိုပြောရင်းနဲ့ သူ k-pop လောကမှာနေခဲ့တုန်းက အခြေအနေနဲ့ SM ကနေ ထွက်ရတဲ့ အကြောင်းအရင်းကို ထုတ်ပြောခဲ့တာပါ။

အရင်တုန်းက ကိုရီးယားက K-pop ဂီတလောကမှာနေခဲ့တုန်းက အရမ်းကိုတင်းကျပ်တယ်။ ကိုယ်ပိုင်ဂီတကို ဖန်တီးဖို့အတွက် လွတ်လပ်မှုဆိုတာကို မရှိခဲ့ဘူး။ (၂)နှစ်လောက်ကြာတော့ ဆက်ပြီးမခံစားနိုင်တော့လို့ ထွက်ခဲ့တယ်။ တရုတ်ကို ပြန်လာတယ်။ ပြီးတော့ တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေလုပ်တယ်” လို့ Kris ကပြောခဲ့ကြောင်း allkpop မှာဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။