Kris ဟာ သူရဲ့ သီချင်းအသစ်ဖြစ်တဲ့ B.M အတွက် အင်တာဗျူးပြုလုပ်ဖို့ ‘Wild 94.9’  ရေဒီယိုအစီအစဉ်ကို ရောက်လာခဲ့ပါတယ်။ အဲဒီ အစီအစဉ်မှာ Kris ကို EXO က ထွက်ခဲ့တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။

ကိုရီးယားမဟုတ်တဲ့ တရုတ်လူမျိုးတစ်ယောက်အတွက် ကိုရီးယားမှာ အလုပ်လုပ်ရတာ အရမ်းကို စိတ်ဖိစီးမှုများပါတယ်လို့ Kris ကပြောပြခဲ့ပါတယ်။ “လွတ်လပ်မှုမရှိဘူး…ကိုယ်ပိုင်အနုပညာတွေဖန်တီးချင်တဲ့ ကျွန်တော့်အတွက် အဲဒါက အရမ်းကို စိတ်ဖိစီးမှုများစေတယ်”လို့ Kris ပြောပြခဲ့ပါတယ်။

EXO အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် ရှိသေးလားလို့ Kris ကိုမေးတဲ့အခါမှာတော့ EXO နဲ့ သူနဲ့က သီးခြားစီ ဖြစ်သွားကြပါပြီလို့ Kris ကပြန်ဖြေခဲ့ပါတယ်။

Source: Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။