ဆယ်လီတွေထဲမှာ လက်ရှိသူတို့လုပ်နေတဲ့အနုပညာအလုပ်ကို ဆက် မလုပ် ချ င်ကြတော့တဲ့ သူတွေ အများကြီးရှိပါတယ်။အောင်မြင်မှုတွေ ရနေပေမယ့် ဒီေ လာကကို ကျောခိုင်းသွားကြသူတွေလည်း ရှိပါတယ်။ကိုရီးယားရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီးကြီးတစ်ယောက်ဖြစ်တဲ့ Kim Hye Soo ကတော့ ဒီလောက ကို ကျောခိုင်းဖို့ စဉ်းစားနေကြောင်း koreaboo မှာဖော်ပြထားပါတယ်။

ဒီအနုပညာအလုပ်မဟုတ်ပဲ တခြားပြင်ပအလုပ်တစ်ခုကို လုပ်ဖို့ Kim Hye So o တစ်ယောက် ကြိုးစားနေပါတယ်။ကိုရီးယား အက်ရှင်ဇာတ်ကားသစ် A Spe cial Lady မှာတော့ Kim Hye Soo ဟာ Na Hyun Jung ဆိုတဲ့ ဇာတ်ေ ကာင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။သူမဟာ ရာဇ၀တ်ဆိုင်ရာ အ ဖွဲ့အစည်းကြီးရဲ့ ဘော့စ်ဖြစ်ပေမယ့် ဒီဘ၀ကနေ လွတ်မြောက်လိုပြီး သာမန် ဘ၀တစ်ခုမှာ နေဖို့ ဆန္ဒရှိနေတဲ့ ဇာတ်ကောင်မျိုးပါ။အရမ်းကြီး Heavy လုပ်ရ တဲ့ ဇာတ်ကောင်မျိုးတော့မဟုတ်ပေမယ့် ဒီဇာတ်ကောင်နဲ့ သူမနဲ့ ကိုက်ညီတာေ လး ရှိလို့ လက်ခံဖြစ်ခဲ့တာလို့ သိရပါတယ်။

“ဒီလိုပြောသင့်ရဲ့လားတော့ မသိပါဘူး။ဒါက အရမ်းကို Sensitive ဖြစ်လွန်း တယ်လေ။ကျွန်မ ဒီအလုပ်ကိုလုပ်လာတာ အချိန်ေ တ်ာတော်ကြာခဲ့ပြီ။ အခု ဆိုရင် အသက်ကြီးနေပါပြီ။ကျွန်မ အမြဲ တမ်းစဉ်းစား တယ်။ရပ်လိုက်သင့်ပြီ လားလို့။အမြဲစဉ်းစားမိတယ်။ Na Hyun Jung  ဆိုတဲ့ ဇာတ်ကောင်ကို ကျွန်မ သဘောကျတယ်။ကျွန်မတို့နှစ်ယောက်ကြားမှာ တူတဲ့ အရာတွေရှိတယ်” လို့ ပြောခဲ့တာပါ။ကိုရီးယားသရုပ်ဆောင်လောကမှာဆိုရင် ထက်မြက်ပြီး Strong ဖြစ်တဲ့ အမျိုး သမီးဇာတ်ကောင်နဲ့ လိုက်ဖက်တဲ့ အမျိုးသ မီး သရုပ်ဆောင်ရှားပါ တယ်။အဲ့ဒီလို ရှားပါးတဲ့ အထဲမှာ Kim Hye Soo ဟာ တစ်ယောက်အပါအ ၀င်ပါ။

သူမရဲ့ ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ အပြင်မှာ လက်တွေ့ဖြစ်နေတဲ့ သူမရဲ့ ဘ၀ကို နှိုင်းယှဉ်ပြီး စိတ်ထဲက အရှိအတိုင်းရင်ဖွင့်ခဲ့တာပါ။“သာမန် လူတစ်ေ ယာက်ရဲ့ ဘ၀မှာ နေထိုင်နိုင်ဖို့ အားလုံးကို စွန့်လွှတ်ပစ်နိုင်တယ်ဆိုတဲ့ အချက် အပေါ် နားလည်ပေးနိုင်ကြောင်း၊သူမကိုယ်တိုင်လည်း အနုပညာလော ကနေ နား ဖို့ စဉ်းစားနေကြောင်း၊မင်းသမီးတစ်ယောက် အဖြစ် ဘယ်လောက် ကြာ ကြာ ရပ်တည်နေနိုင်မလဲဆိုတာကို စိတ်မပူကြောင်း၊မင်းသမီး တစ်ယောက် အဖြစ် မွေးဖွားလာသူမဟုတ်သလို သူမထက် ပိုတော်တဲ့ အနုပညာရှင်တွေ အများကြီးလည်းရှိတယ်လို့ ပြောခဲ့ပါတယ်။

အောင်မြင်မှုတွေ ၀ိုင်းနေတယ်၊ဇိမ်ခံပစ္စည်းတွေကြားမှာ နေနေတဲ့ မင်းသမီး တစ်ယောက်ရဲ့ ဘ၀မှာလည်း ကိုယ့်ရဲ့ life၊အလုပ်အပေါ် စိတ်ကျေနပ်မှု အပြ ည့်အ၀မရှိနိုင်ဘူးဆိုတာကို Kim Hye Soo ကို ကြည့်ရင်သိနိုင်ပါတယ်။Kim Hye Soo ဟာ အသက်(၄၇)နှစ်ဆိုပေမယ့် အခုထိ နုပျိုလှပနေတဲ့ မင်းသမီး တစ်ယောက်ပါ။fan တွေ အားလုံးကတော့ သူမရဲ့ သရုပ်ဆောင်မှုတွေကို ဆက်ပြီး ကြည့်ချင်ပေမယ့် လည်း တစ်ဖက်မှာတော့ Kim Hye Soo တစ်ေ ယာက် သူမတကယ် ဖြစ်ချင် တဲ့ အရာ (သရုပ်ဆောင်မဟုတ်ခဲ့ရင်တောင် မှ တခြားတစ်ခုခုကို) အမြန်ဆုံး  ရှာတွေ့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

CeleNow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။