fans Sign ပွဲတွေမှာဆိုရင် fans တွေရဲ့ နှလုံးသားကို ကြွေအောင်အ လု ပ်နိုင်ဆုံး Idols တွေကို မဲပေးရွေးချယ်ခဲ့ပါတယ်။ပရိသတ်တွေနဲ့ တွေ့ဆုံပြီး လက်မှတ်ရေးထိုးရတဲ့ Fan sign ပွဲတွေမှာ ဆိုရင် တစ်ချို့ Idols တွေဟာ အရမ်းကို ဖော်ရွေပျူငှာလွန်းပြီး ဆက်ဆံရေး အရ မ်းကောင်းပါတယ်။ တစ်ဖ က်က ပရိသတ်တွေက သူတို့ကို ပိုသဘော ကျ ပိုချစ် လာအောင်ကိုနေ တတ်ြ ကပါတယ်။မဲရလဒ်အရ Fansign ပွဲတွေမှာ အဖော်ရွေ အပျူငှာဆုံး Idols တွေကတော့…

1. Minhyun(Wanna One)

fans တွေက Minhyun ကို ပရိသတ်တွေအပေါ် အဖော်ရွေဆုံး စံပြ idol အဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြပါတယ်။အပြန်အလှန်စကားပြောရင်လည်း မေး ခွန်း တွေမေးတယ်။မေးတဲ့ မေးခွန်းတိုင်းကိုလည်း ပြန်ဖြေတယ်။fans တွေရဲ့ လက်လေးကို ကိုင်ထားပေးတာမျိုး၊ကြင်ကြင်နာနာ ပွတ်သပ် ပေးတာမျိုးလုပ်ပေး တတ်သူပါ။

2. V(BTS)

V ကိုလည်း အရမ်းကို sweet ဖြစ်တဲ့ idols တွေထဲ တစ်ယောက် အဖြစ် မဲပေးရွေးချယ်ခဲ့ပါတယ်။fans တိုင်းကို ကြင်ကြင်နာနာနဲ့ ငေးကြည့်တတ်တဲ့ သူ့ ရဲ့ အကြည့်တွေကြောင့် အားလုံးက ကြွေနေကြတာပါ။သူ့ရဲ့ fans မဟုတ်တဲ့ တခြားသူတွေရဲ့ fans ပရိသတ်တွေကပါ ကြင်နာတတ်တဲ့ V ရဲ့ fan signing ပွဲက အပြုအမှုတွေကို မြင်ပြီး ကြွေနေကြတာပါ။

3. EXO’s Chen

EXO’s Chen ကလည်းfans တွေရဲ့ နှလုံးသားကို အရည်ပျော်အောင် လုပ်နိုင်တဲ့ idols တွေထဲက တစ်ယောက်ပါ။အဖွဲ့ဝင်တွေကဆိုရင်  “fansign boyfriend” လို့တောင် နာမည်ပေးထားကြတာပါ။နွေးထွေးချိုသာတဲ့ အပြုံး လှလှ လေးတွေနဲ့အကြည့်လေး တွေနဲ့ fans တွေကို ဖမ်းစားတတ်သူပါ။

4. BTS’s Jungkook

Jungkook ကလည်း ပရိသတ်တွေမဲပေးရွေးချယ်ခံရတဲ့ အထဲမှာ ပါလာတဲ့ နောက်ထပ် BTS အဖွဲ့ဝင်တစ်ယောက်ပါ။နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာ အမူအရာနဲ့ တုံ့ပြန်မှုတွေကို fans တွေက သဘောကျကြတာပါ။သူ့ကို မြင် လိုက်ရတော့ ပျော်လွန်းပြီး ငိုနေတဲ့ fan တစ်ယောက်ကို နှစ်သိမ့် ပေးနေတဲ့ အပြုအမှုကြောင့် ပရိသတ်တွေ အချစ်ပိုခဲ့ရသူပါ။

5. Monsta X’s Minhyuk

Minhyuk ကတော့ ပရိသတ်တွေနဲ့ စကားပြောတဲ့ နေရာမှာ တက်တက်ကြွကြွ အရမ်းဖြစ်လို့ fans တွေကို သူ့ကို မဲပေးခဲ့ကြတာပါ။တခြားအဖွဲ့ဝင်တွေကို fans တွေက လက်မှတ်ထိုးခိုင်းနေတဲ့ အချိန်မှာ ကြားဖြတ်ပြီးစကားပြော ဖို့ ကြိုးစားတာ၊သူ့ဘက်ရောက်လာအောင် သွေးဆောင်တတ် သူပါ။

6.  Vernon(SEVENTEEN)

fan accounts တွေအရ Vernon က fans တွေရဲ့နာမည်ကို မှတ်မိအောင် ကြိုးစားတတ်သူလို့သိရပါတယ်။fans တွေရဲ့နာမည်ကို သူ့ရဲ့ လက်ပေါ်မှာ ချရေးရတာကို ကြိုက်သူပါ။လက်မှတ်ထိုးပေးတဲ့ ပွဲပြီးသွားခဲ့ရင်တောင်မှ သူ့ကို အားပေးတဲ့ fans တွေရဲ့နာမည်ကို မှတ်မိနေတက်သူပါ။မယုံနိုင်စရာ ကောင်းလောက် အောင်ကိုပဲ fans တွေနဲ့ပတ်သက်လာရင် မှတ်ဥာဏ်ကောင်း သူ၊အလေးထားတတ်သူပါ။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။