ကိုရီးယားနိုင်ငံရဲ့ အရမ်းလန်းတဲ့ ဘော်လီဘော အားကစားသမားတွေကို ဖော်ပြပေးချင်ပါတယ်။ Idol လုပ်ချင်ရင်တောင် လုပ်နိုင်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားကြသူတွေပါ။ မိန်းကလေးပရိသတ်တွေရဲ့ ၀န်းရံခြင်းကိုခံထားရတဲ့ Idol တွေထက်တောင်လန်းတဲ့ ဘော်လီဘောကစားသမား (၅)ယောက်ကတော့. ..

1. Kim Yo Han

အသက်(၃၂)နှစ်ပါ။ တောင်ကိုရီးယားရဲ့ Professional ဘော်လီဘောကစားသမားတစ်ယောက်ပါ။ လက်ရှိမှာတော့ LIG Greaters အသင်းမှာ ကစားနေပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံခြင်းကိုခံထားရသူပါ။ ရုပ်ရည်တင်မဟုတ်ဘဲ ကျန်းမာကြံ့ခိုင်တဲ့ body အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။ အရပ်ကတော့ (၂)မီတာ (၆ ပေ၊ ၄ လက်မကျော်ျေကျာ်) ရှိပါတယ်။

2. Lim Sung Jin

အသက်(၁၉)နှစ်အရွယ်ဘော်လီဘောကစားသမားတစ်ယောက်ပါ။ အရပ်ကတော့ (၁၉၃)စင်တီမီတာ (၆ ပေ၊ ၃ လက်မကျော်) ရှိပါတယ်။ အရပ်ကလည်းရှည်၊ ရုပ်ရည်လေးကလည်း ချစ်ဖို့ကောင်းတဲ့ cute ပုံစံမျိုးဖြစ်တဲ့အတွက် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားသူလေးပါ။ အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ်တောင် သတ်မှတ်ခံရသူပါ။

3. Han Sun Soon

(၂၀၁၂)မှာ လက်ထပ်ခဲ့ပြီး အသက်ကတော့ (၃၃)နှစ်ပါ။ အိမ်ထောင်သည်ဆိုပေမယ့် သူ့ကို အားပေးတဲ့ FAN တွေအများကြီးပါ။ သူ့ရဲ့ ဘောလုံးပစ်ချက်တွေဟာ နာမည်ကြီးပါတယ်။

4. Ryu Wyun Sik

Ryu Wyun Sik ကိုတော့ သူ့ fan တွေကြားမှာ Desert Fox လို့ လူသိများပါတယ်။ ထူးခြားတဲ့မျက်လုံးအကြည့်တွေကြောင့် မိန်းကလေးတွေကြားမှာ နာမည်ကြီးသူပါ။ အသက်(၂၉)နှစ်ပါ။ Samsung Blue Fangs အသင်းကို ဦးဆောင်သူပါ။

5. Moon Sung Min

Moon Sung Min ကတော့ သူ့ရဲ့ပြောင်မြောက်တဲ့ ဘော်လီဘောစွမ်းရည်ကြောင့် နာမည်ကြီးပါတယ်။ ဥရောပကလပ်တွေမှာထွက်ကစားဖူးတဲ့ ကိုရီးယားဘော်လီဘော ကစားသမားပါ။ ရုပ်ရည်ကလည်း ချောမောပြီး တောင်ကိုရီးယားရဲ့ အချောဆုံး ဘော်လီဘောကစားသမားဆိုပြီး နာမည်ကြီးသူပါ။

from koreaboo

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။