ကိုရီးယား ဆယ်လီတစ်ဦးဖြစ်တဲ့ ဟာသသရုပ်ဆောင် Kwon Mi Jinဟာဆိုရင်တော့ ၀ိတ်၅ကီလိုကျပြီးနောက် သူ့ရဲ့ ပြောင်းလဲသွားတဲ့ လှပတဲ့ ခန္တာကိုယ်အချိုးအစားကြာင့် အရမ်းကို နာမည်ကြီးနေပါတယ်။

Kwon Mi Jin ရဲ့ မူလကိုယ်အလေးအချိန်ကတော့ ၁၀၃ ကီလိုဂရမ်ဖြစ်ပြီး သူ့ရဲ့ ကြီးမားတဲ့ ခန္တာကိုယ်အချိုးအစားကြာင့် လူတွေဆီမှာ အလှောင်အပြောင်လည်း ခံခဲ့ရပါတယ်။ ဒါကြောင့်  Kwon Mi Jinဟာ ၀ိတ်ချဖို့အတွက် အပြင်းအထန်ကြိုးစား ခဲ့တာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ၀ိတ်ချမှုတွေအပြင် လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်တဲ့ Kwon Mi Jinဟာ သူ့ရဲ့ မူလကိုယ်အလေးအချိန်ကနေ ၅၃ ကီလို လျှော့ချနိုင်ခဲ့ပါတယ်။

Kwon Mi Jinဟာ သူ့ရဲ့ ဟာသသရုပ်ဆောင် အပေါင်းအဖော်တွေနဲ့ အတူ ‘Health-Girl’လို့ခေါ်တဲ့ ၀ိတ်ချတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ ပြီး Kwon Mi Jin နဲ့အတူ ဒီအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ သူတွေအာလုံးနီးပါးလည်း ကျန်းမာတဲ့ ခန္တာကိုယ်အချိုးအစားရဖို့အတွက် ၀ိတ်ချနိုင်ခဲ့ကြပါတယ်။

Kwon Mi Jinကတော့ သူ့ရဲ့ မူလကိုယ်အလေးအချိန်ရဲ့ ထက်ဝက်ကို လျှော့ချနိုင်ခဲ့ပါတယ်။

အခုဆိုရင်တော့ Kwon Mi Jinဟာ နာမည်ကြီး မဂ္ဂဇင်းတွေမှာ  မော်ဒယ်အဖြစ်နဲ့ပါဝင်နေပြီဖြစ်ပါတယ်။

ဝိတ်ကျပြီးနောက်မှာလည်း Kwon Mi Jinဟာ လေ့ကျင့်ခန်းတွေ ဆက်လုပ်ပြီးတော့ သူ့ရဲ့ လှပတဲ့ ခန္တာကိုယ်အချိုးအစားကို ထိန်းထားဆဲဖြစ်ပါတယ်။

အကျင့်အဟောင်းတွေကို ပြင်ပြီးတော့ ကျန်းမာတဲ့ လူနေမှုပုံစံကို ရရှိဖို့ အတွက် Kwon Mi Jinဟာ လူတွေအားလုံးရဲ့ စံပြပုဂ္ဂုလ်တစ်ယောက် ဖြစ်နေပါပြီ။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။