အချစ်ဦးနဲ့ ဆုံဆည်းခွင့်ရသူဆိုတာ အရမ်းကိုရှားပါတယ်။ ဒါပေမယ့် အဲ့ဒီလိုရှားရှားပါးပါး အခြေအနေမျိုးမှာကံကောင်းခဲ့သူ တွေလည်း ရှိပါတယ်။ အဲ့ဒီလို ကံကောင်းခွင့်ရခဲ့တဲ့ ကိုရီးယားဆယ်လီတွေကို ဖော်ပြပေးချင်ပါတယ်။ သူတို့တွေကတော့…

#Cha Tae Hyun

Cha Tae Hyun  ရဲ့ ဇနီး Seok Eun က သူ့ရဲ့ အချစ်ဦးပါ။ (၂၀၀၆) က လက်ထပ်ခဲ့တာပါ။ တွဲလာတဲ့ ချစ်သူသက်တမ်း (၁၃)နှစ်အကြာမှာ လက်ထပ်ခဲ့တာပါ။ အထက်တန်းကျောင်းတည်းကတွဲလာတဲ့ အချစ်ဦးနဲ့ ဆုံဆည်းလက်ထပ်ခွင့်ရတဲ့ အလွန်ရှားပါးတဲ့ အခွင့်အရေးကို Cha Tae Hyun က ရခဲ့တာပါ။

#Jung Suk Won

မင်းသား Jung Seok Won ဟာ သူ အထက်တန်းတုန်းက tv ကြည့်ရင်း Baek Ji Young ကို မြင်ပြီး အဲ့ဒီတည်းက crush လာခဲ့တာပါ။ Jung တစ်ယောက်ပွဲဦးထွက်တည်းကလည်း သူ့စိတ်ကူးထဲကပုံစံဟာ Baek Ji Young ပဲလို့ တတွတ်တွတ်ပြောလာခဲ့သူပါ။ အထက်တန်းတည်းက ကြိတ်ရင်ခုန်ခဲ့ရတဲ့ Crush နဲ့ (၂၀၁၀) မှာတော့ တွဲခွင့်ရခဲ့ပါတယ်။ (၂၀၁၃)မှာတော့ လက်ထပ်ခဲ့ပါတယ်။

#Jin Goo

ပထမဆုံးဒိတ်လုပ်တည်းက သူမကို လက်ထပ်ချင်ခဲ့တာပါ လို့ DOTS ရဲ့ မင်းသားချောက ပြောခဲ့ပါတယ်။ ချစ်သူ (အခုတော့ဇနီး)ကို လက်ထပ်ခွင့်တောင်းဖို့ သီချင်းကိုတောင်မှ ကိုယ်တိုင် ရေးစပ်ခဲ့တဲ့သူပါ။ (၂၀၁၄)မှာ လက်ထပ်ခဲ့ပြီး (၂၀၁၆)မှာတော့ ကလေးနှစ်ယောက်ရနေပါပြီ။

#HaHa

Haha ရဲ့ချစ်ဇနီး Byul ကို (၂၀၀၂)ကတည်းက လိုက်ခဲ့တာပါ။ လက်ထပ်ရအောင်ဆိုပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့်(၄)နှစ်လောက်ကြာတဲ့အထိ သူတို့ ကွဲသွားခဲ့ပါတယ်။ ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် သူတို့ ကွဲကွာပြီး (၄)နှစ်အကြာမှာ ပြန်ဆုံခဲ့ပါတယ်။ နောက်ဆုံး(၂၀၁၂)မှာတော့ လက်ထပ်ခဲ့ကြပါတယ်။

#Lee Hoon

မင်းသား Lee Hoon ကတော့ Grade 7 ထဲက သူ့ဇနီးကို Crush လာခဲ့တာပါ။ ဇနီးဖြစ်သူကတော့ သူ့ထက် အသက် နှစ်နှစ်ကြီးပါတယ်။ (၁၉၉၃)တည်းကတွဲလာခဲ့ပြီး တွဲပြီး (၆)နှစ်အကြာမှာ လက်ထပ်ခဲ့သူပါ။

#Jung Dong Ha

အဆိုတော် Jung Dong Ha က သူ့ရဲ့အချစ်ဦးနဲ့ (၂၀၁၄)မှာ လက်ထပ်ခဲ့ပါတယ်။ ကောလိပ်ကျောင်းမှာတည်းက တွေ့လာခဲ့တာဖြစ်ပြီး (၈)နှစ်ကြာတွဲပြီး လက်ထပ်ခဲ့တာပါ။

from kstarlive