တောင်ကိုရီယားနိုင်ငံမှာ မျက်နှာခွဲစိတ်ပြုပြင်တာတွေက ခေတ်စားပါတယ်။ ဒီလို ခေတ်စားနေတဲ့ မျက်နှာခွဲစိတ်ပြုပြင်တာတွေကိုဝန်ခံရမှာလည်း ၀န်မလေးကြပါဘူး။ ဆယ်လီတွေတောင် သူတို့ကိုယ့်တိုင် မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ဆိုတာကို ၀န်ခံတတ်ကြပါတယ်။ ဒီ တောင်ကိုရီးယားအနုပညာရှင်တွေကတော့ သူတို့မျက်နှာ ခွဲစိတ်ပြုပြင်ထားတယ်ဆိုတာကို ၀န်ခံခဲ့ကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။

(၁) Lee Da Hae 

မင်းသမီး Lee Da Hae ကိုတော့ မြန်မာ့ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ Lee Da Hae ကို အင်တာဗျုးတစ်ခုက သူမမျက်နှာလှနေရခြင်းရဲ့ လျှို့ဝှက်ချက် ဘာလဲ ဆိုပြီးမေးခဲ့ဖူးပါတယ်။ အဲဒီအင်တာဗျူးမှာပဲ “ကျွန်မ အရင်တုန်းက ၀ခဲ့ဖူးတယ်၊ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို ပြုပြင်ခဲ့တာပါ” ဆိုပြီး ဖြေခဲ့ပါတယ်။

(၂) Uee

(၂၀၁၀) ဇန်န၀ါရီလ မှာ အဆိုတော် မင်းသမီး Uee ကတော့ Sangsang Plus ရှိုးရဲ့ အပိုင်းတစ်ပိုင်းမှာ မျက်လုံးကို မျက်ရစ် နည်းနည်း ဖော်လိုက်တယ် ဆိုတာဝန်ခံထားတာတွေ့ရပါတယ်။

(၃) Kim Hyun Joong 

Kim Hyun Joong က SS501 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို Boys Over Flowers  ဇာတ်ကားမှာလည်း နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ Kim Hyun Joong ရဲ့ နှာတံက  Boys Over Flowers ဇာတ်ကားမှာမြင့်နေတာကို တွေ့ရပါတယ်။ ငယ်ငယ်တုန်းက မတော်တဆကြောင့် နှာရိုးကျိုးခဲ့ရလို့ နှာတံ ခွဲစိတ်ပြုပြင်လိုက်တာလို့လည်း ပြောခဲ့ပါတယ်။

(၄) Min Hyo Rin 

မကြာခင်မှာ မင်းသမီး Min Hyo Rin က Big Bang အဖွဲ့ဝင် Taeyang နဲ့ လက်ထပ်တော့မှာလို့သိရပါတယ်။ သူမကလည်း အင်တာဗျူးတစ်ခုမှာ မျက်လုံးကို ပိုကျယ်အောင် မျက်ရစ်ဖော်ထားတာဖြစ်ပြီး နှာတံစင်းတာကတော့ မွေးရာပါ နှာတံစင်းတာပါ လို့ ၀န်ခံခဲ့ပါတယ်။

(၅) Kwanghee

 

အဆိုအဖွဲ့ဖြစ်တဲ့ ZE:A အဖွဲ့ဝင် Kwanghee ကလည်း မျက်လုံး၊ နှာခေါင်း၊ နဖူး စတဲ့တွေကို ခွဲစိတ်ပြုပြင်ထားတယ်လို့ ၀န်ခံထားပါတယ်။ သူရဲ့အမေက ဆယ်လီဖြစ်ချင်ရင်တော့ အနည်းဆုံးရုပ်ချောရမယ်ဆိုပြီးပြောခဲ့လို့ ခွဲစိတ်ပြုပြင်ခဲ့ရတာပါလို့ ပြောခဲ့ပါတယ်။

(၆) Hyomin

Tara အဖွဲ့ဝင် Hyomin ကို အင်တာဗျူးတစ်ခုက “သူမရဲ့ မျက်နှာလှအောင် ဘယ်လို ဂရုစိုက်ခဲ့တာလဲ” ဆိုပြီး မေးဖူးပါတယ်။ အဲ့တုန်းက “ဒီလို လှလာအောင် နာကျင်တဲ့ဒဏ်တွေကို ခံခဲ့ရတယ်” ဆိုပြီးဖြေခဲ့ဖူးပါတယ်။

source : dramafever