တောင်ကိုရီးယားမှာရှိတဲ့ အနုပညာရှင်တွေထဲမှာ မိမိကိုယ်ကို အဆုံးစီရင်ပြီး ဘ၀ကို အရှုံးပေးခဲ့ကြသူတွေရှိပါတယ်။ စိတ်ဖိစီးမှုတွေ (Stress) အလွန်အကျွံခံစားရတာတွေ၊ စိတ်ကျရောဂါခံစားရတာတွေများလာတော့ စိတ်ထွက်ပေါက်တစ်ခုအဖြစ် နောက်ဆုံး အဆုံးစီရင်ခြင်းဆိုတဲ့လမ်းကို ရွေးခဲ့ကြတာပါ။ အဲ့ဒီလို မိမိကိုယ်ကို အဆုံးစီရင်ပြီး လောကကြီးကနေ ထွက်ခွာသွားကြသူတွေကတော့…

#Kim Sung Min

အသက်(၄၃)နှစ်မှာ သတ်သေသွားခဲ့တာပါ။ ဇနီးသည်နဲ့စကားများရန်ဖြစ်ပြီးနောက်ပိုင်းမှာ ခုလို သတ်သေခဲ့တာပါ။ သူ့ရဲ့ ဇနီးသည်က စကားများပြီးတော့ အိမ်ကနေခဏထွက်သွားပြီး ပြန်လာချိန်မှာတော့ ရေချိုးခန်းထဲမှာ နက်ခ်တိုင်နဲ့ ကိုယ်ကိုယ်ကိုသတ်သေဖို့ ကြိုးစားခဲ့တဲ့ ခင်ပွန်းသည်ကို တွေ့ခဲ့တာပါ။

မူးလာတိုင်း ကိုယ့်ကိုယ်ကို သတ်သေမယ်လို့ မကြာခဏ ခြိမ်းခြောက်တတ်တယ်လို့ လည်းသိရပါတယ်။ အခင်းဖြစ်ပွားရာမှာ ချက်ချင်းသေတာမျိုး မဟုတ်ပါဘူး။ (၂၀၁၆) ဇွန်(၂၄) မှာ သတ်သေဖို့ ကြိုးစားခဲ့ပြီး ဇွန်(၂၆)မှာတော့ ဆေးရုံမှာ ဦးနှောက်သေသွားခဲ့တာပါ။ကိုယ့်ကိုယ်ကို သတ်မသေခင်တုန်းက မူးယစ်ဆေးဝါးမှုနဲ့ ထောင် (၁၀) လလောက် ကျခဲ့ပါသေးတယ်။

#Jonghyun

အသက် (၂၇)မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာပါ။ Shinee အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အားပေးတဲ့ ပရိသတ် တွေ အများကြီးကို ပိုင်ဆိုင်ထားသူပါ။ ဒီဇင်ဘာ(၁၈)မှာတော့ သူ့တိုက်ခန်းထဲမှာ carbon monoxide သုံးပြီး သတ်သေ သွားခဲ့တာပါ။ စိတ်ကျရောဂါကြောင့် သတ်သေသွားခဲ့တာပါ။

(၂၀၁၅)လောက်တည်းက Jonghyunတစ်ယောက် စိတ်ဖိစီးမှုတွေခံစားနေခဲ့ရပုံပါ။တစ်ကိုယ်တော် solo ဘ၀နဲ့ ဂီိတအနုပညာအလုပ်တွေ လုပ်ရမှာမို့ စိတ်တွေအရမ်းဖိစီးပြီး အဲ့ဒီတုန်းက ကိုယ်အလေးချိန် (5kg) လောက် ကျသွားခဲ့ဖူးပါတယ်။

#Lee Eun Ju

မင်းသမီး Lee Eun – Ju ဟာ (၂၀၀၅)ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ သူမအသက် (၂၄)နှစ်အ ရွယ်မှာ ကိုယ့် ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ သူမရဲ့ ဇာတ်ကား Taegukgi နဲ့ The Scarlet Letter တို့ ပေါက်ပြီးအောင်မြင်ေ နချိန်မှာပဲ သတ်သေသွားခဲ့တာပါ။လက်ကောက်ဝတ်မှာ လှီးထားတဲ့ အရာတွေနဲ့ ကြိုးဆွဲချသေဆုံးေ နတဲ့ သူမကို တိုက်ခန်းထဲမှာ တွေ့ခဲ့တာပါ။ သူမဟာ စိတ်ကျရောဂါ၊ အိပ်မပျော်တဲ့ရောဂါတွေကို ခံစားနေရသူပါ။

The Scarlet Letter ဇာတ်ကားထဲမှာ ဗလာကျင်း ဇာတ်ဝင်ခန်းတွေကြောင့် အပြောအဆိုတွေခံနေရလို့ ဒီကိစ္စအတွက် စိတ်ဖိစီးမှုတွေကို ခံစားနေရတာတွေကလည်း သူမ သတ်သေသွားရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ “အမေရေ.တောင်းပန်ပါတယ် အရမ်းလည်း ချစ်ပါတယ်” ဆိုတဲ့စာကိုပဲ ချန်ထားခဲ့ပါတယ်။The Scarlet Letter ဇာတ် ကားမှာ ကိုယ်ဗလာကျင်းနေတဲ့ အခန်းတွေ ပါဝင်သရုပ်ဆောင်ပြီးတည်းက သူမဟာ စိတ်ဖိစီးမှုတွေ ခံစားလာခဲ့ရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

#Kim Daul

ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တုန်းက သူမရဲ့ အသက်ဟာ (၂၀) ပဲရှိပါသေးတယ်။သူမကတော့ တောင်ကိုရီးယား နာမ ည်ကြီးဖက်ရှင်မော်ဒယ်ပါ။ တကယ့်နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ပွဲမှာ ပါဝင်လျှောက်လှမ်းပေးခဲ့တဲ့သူတွေပါ။ (၂၀၀၉)ခုနှစ် နိုဝင်ဘာ (၁၉)မှာတော့ သူမနေထိုင်ရာ ပဲရစ်မြို့က တိုက်ခန်းထဲမှာ ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ခဲ့တာပါ။ အထီးကျန်၊ စိတ်ဓါတ်ကျမှုတွေကို ခံစားရပြီး အခုလိုမျိုးဘ၀ကို အရှုံးပေးထွက်ခွာသွားတာလို့ သိရပါတယ်။

#Park Yong Ha

Park Yong Ha ကတော့ သူ့အသက်(၃၂)နှစ်မှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သူပါ။ ကိုရီးယားဒရမ်မာနဲ့ ဇာတ်ကားေ တွအများကြီးမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ (၂၀၁၀) ဇွန်(၃၀)တုန်းက သူ့ရဲ့ နေအိမ်မှာ လက်ဆွဲ TV ကင်မရာ အားသွင်းကြိုးနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။

သူကိုယ့်ကိုယ်ကို သတ်မသေခင်တစ်ရက်ကတောင်မှ သူငယ်ချင်းတွေနဲ့ တွေ့ဆုံသွားခဲ့၊တခြားအလုပ်တွေ လုပ်သွား ခဲ့ပါသေးတယ်။မဆုံးခင်တစ်ရက်အလိုက သူငယ်ချင်းတွေနဲ့အတူ သောက်၊အစာအိမ်ကင်ဆာ ဖြစ်နေတဲ့ သူ့ အဖေနဲ့ စကားတွေတောင် ပြောသွားခဲ့ပါသေးတယ်။အဖေ့အစား ဒီရောဂါကို သူသာဖြစ်ချင်တယ်လို့ ငိုယိုပြောခဲ့ဖူးပါ တယ်။ သတ်သေရတဲ့ အဓိကအကြောင်းအရင်းကတော့ Stress (စိတ်ဖိစီးမှု)နဲ့ Depression(စိတ်ဓါတ်ကျ)မှုတို့ ကြောင့်ပါ။

#U;Nee

အဆိုတော်၊ ရက်ပ်ပါ၊ dancer၊ မင်းသမီးလေးပါ။ သူမရဲ့ ဂီတအလုပ်တွေကိုတော့ (၂၀၀၃)နဲ့ (၂၀၀၅)တွေကလုပ်ခဲ့တာပါ။ ငယ်ငယ်တည်းက လက်မထပ်ရသေးတဲ့ single mother ရဲ့ သမီးလေးပါ။ ခက်ခဲကြမ်းတမ်းတဲ့ကလေးဘ၀ကို ဖြတ်သန်းလာရသူပါ။
သူမငယ်ငယ်လေးမှာပဲ အဖေက ဆုံးပြီး၊ အဖွားရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပြင်းလာခဲ့သူပါ။ကလေးဘ၀တည်းက စိတ်ကျရောဂါကို ခံစားလာရသူပါ။ သူမအသက် (၂၅)မှာတော့ တံခါးမှာ ကြိုးဆွဲချပြီး သတ်သေခဲ့ပါတယ်။ စိတ်ကျရောဂါကို ဆိုးဆိုးရွားရွားခံစားနေရလို့ အခုလို သတ်သေသွားတာလို့ သိရပါတယ်။

#Jeong Da Bin

သူမ အသက်(၂၆)မှာ ကြိုးဆွဲချသေဆုံးသွားခဲ့တာပါ။ သူမချစ်သူနေထိုင်တဲ့ တိုက်ခန်းက ရေချိုးခန်းထဲမှာ ရေချိုးတဘက်နဲ့ သတ်သေသွားခဲ့တာပါ။ မင်းသမီးတစ်ယောက်ဖြစ်တဲ့ သူမဟာ အနုပညာအလုပ်တွေ သိပ်မလုပ်ရတော့ စိတ်ကျရောဂါခံစားနေခဲ့ရတယ်လို့ သိရပါတယ်။ သူမချစ်သူရဲ့ အပြောအရတော့ Jeong Da Bin ဟာ ဒီမတိုင်ခင်တုန်းကလည်း လက်ကောက်ဝတ်ကိုဖြတ်ပြီး သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။

#Choi Jin Sil

“The Nation’s Actress” လို့လူသိများတဲ့ မင်းသမီး Choi Jin Sil ဟာ သူမအသက် (၃၉)နှစ်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တာပါ။ ဘတ်စကတ်ဘော ကစားသမား Cho Sung-Min နဲ့လက်ထပ်ခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရခဲ့ပါတယ်။သာယာတဲ့ အိမ်ထောင်ရေးတော့မဟုတ်ခဲ့ပါဘူး။ သူမကိုယ်တိုင် အိမ်တွင်းအကြမ်းဖက်မှု (domestic violence) ရဲ့ သားကောင်ပါလို့ (၂၀၀၄)မှာ ကြေညာခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကတော့ Choi ဘက်က အလေးသာခဲ့ပါတယ်။ (၂၀၀၈) အောက်တိုဘာ (၂)ရက်နေ့မှာတော့ ဆိုးလ် မှာရှိတဲ့ သူမရဲ့ နေအိမ်မှာ ကြိုးဆွဲချပြီး သတ်သေခဲ့ပါတယ်။ သူမသေဆုံးပြီး တစ်နှစ်ခွဲအကြာမှာ သူမရဲ့ အစ်ကိုဖြစ်သူ လည်း ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ (၂၀၁၃)မှာတော့ Choi Jin Sil ရဲ့ ခင်ပွန်းဟောင်း Cho Sung Min လည်း ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။

#Ahn Jae Hwan

သူကတော့ ငွေကြောင့် သတ်သေသွားခဲ့တာပါ။ စီးပွားရေးက အဆင်မပြေ၊ လုပ်ငန်းတွေကကျရှုံးလာတော့ စိတ်ညစ်မှုဒဏ်တွေ စုပြီး သတ်သေသွားခဲ့တာပါ။ သူ့ရဲ့ ကားထဲမှာ carbon monoxide အဆိပ်သင့်ခံပြီး သတ်သေသွားခဲ့တာပါ။ဇနီးသည်ကိုလည်း သူ ခုလိုလုပ်လိုက်မိတဲ့ အတွက် တောင်းပန်ကြောင်းပြောထားတဲ့ နောက်ဆုံးစာကို ချန်ထားခဲ့ပါတယ်။

#Kim Seok Hyun

သူ့အသက် (၃၀)မှာ သတ်သေသွားခဲ့တာပါ။ အနုပညာလောကမှာ နာမည်ကျလာတဲ့အချိန်၊ စိတ်ဓါတ်တွေကျပြီး သတ်သေသွားခဲ့တာလို့ သိရပါတယ်။

from kdramabuzz