တီဗီဖန်သားပြင်ပေါ်မှာ  ရုပ်ရှင်မင်းသား မင်းသမီးတွေ ချစ်ကြိုက်သွားတာ၊ ကြည်နူးစရာဇာတ်သိမ်းလေးနဲ့ ပျော်ရွှင်စွာနေထိုင်သွားရတာတွေကို တွေ့ရပါတယ်။ လက်တွေ့မှာလည်း စာဖတ်သူတွေကြိုက်နှစ်သက်ကြတဲ့ မင်းသားမင်းသမီးတွေဟာ အချစ်စစ်ကိုရှာတွေ့ပြီး ပျော်ရွှင်နေတဲ့စုံတွဲတွေရှိပါတယ်။ အခုအခါမှာတော့ metro.style ကနေတဆင့် ချစ်စရာကောင်းတဲ့ တောင်ကိုရီးယားဆယ်လီစုံတွဲတွေကိုဖော်ပြပေးလိုက်ပါတယ်။

Park Shin-hye နဲ့ Choi Tae-joon


သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်ကစပြီးတွဲလာခဲ့ပုံရပေမယ့် ယခုနှစ်ဇွန်လကျမှ Park Shin-hye က သူမတို့တွဲနေကြောင်း ပရိသတ်တွေကိုအသိပေးခဲ့တာပါ။ Park Shin-hye က Choi Tae-joon ထက် အသက်၂နှစ်ပိုကြီးတဲ့အတွက် ပရိသတ်တွေဘက်က ဝေဖန်မှုတွေရှိခဲ့ပေမယ့် သူတို့ရဲ့ချစ်ခရီးဟာ ပျော်ရွှင်သာယာနေဆဲဖြစ်ပါတယ်။

Jung Kyung-ho နဲ့ Sooyoung


Sooyoung ကတော့ ဒီနှစ်မှာ အသက်၃၀ပြည့်မှာပါ။ ဒါပေမဲ့ Sooyoung က သူမရဲ့ အချစ်ရေးအကြောင်း အခုထိတရားဝင်မပြောသေးပါဘူး။ သူတို့က တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးချစ်ကြတာတော့ သေချာပါတယ်။ တွဲလာတဲ့သက်တမ်းက အနည်းဆုံး ၇နှစ်လောက်ရှိပြီလို့ ယူဆရပါတယ်။

Shin Min-ah နဲ့ Kim Woo-bin

 

View this post on Instagram

 

A post shared by 김우빈 (@kimwoobin716_)


သူတို့နှစ်ယောက်ဟာ ၂၀၁၅ ခုနှစ်မှာ ကြော်ငြာရိုက်ကူးရင်းတွေ့ခဲ့တာပါ။ ၂၀၁၆ မှာတော့ တရားဝင်ကြေညာပြီး တွဲခဲ့ပါတယ်။ ၂၀၁၇ မှာတော့ Kim Woo-bin မှာ ရှားပါးကင်ဆာရောဂါတစ်ခုဖြစ်နေကြောင်း သိခဲ့ရပါတယ်။ သူတို့စုံတွဲဟာ အခက်အခဲတွေကိုကြံ့ကြံ့ခံခဲ့ပြီး အခုထိတိုင် တည်မြဲနေဆဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ လက်ထပ်ကြတော့မယ်လို့ ကောလဟာလတွေထွက်နေပါတယ်။

Lee Kwang-soo နဲ့ Lee Sun-bin


Lee Kwang-soo က ၂၀၁၆ ခုနှစ်ကစပြီး သူနဲ့ Lee Sun-bin တို့ တွဲနေခဲ့တယ်ဆိုတာ ပရိသတ်တွေကို ကြေညာတုန်းက အားလုံးကနောက်နေတယ်ထင်ခဲ့ကြတာပါ။ Lee Kwang-soo ဟာ Running Man ရှိုးနဲ့ကျော်ကြားလာသူဖြစ်ပြီး ရှိုးကိုလာတဲ့ အမျိုးသမီးဧည့်သည်တွေကို စစနောက်နောက်နဲ့ ပြောဆိုလေ့ရှိတဲ့အတွက်ကြောင့်ပါ။ ဒီနှစ်ဆိုရင်တော့ သူတို့ရဲ့ချစ်သက်တမ်းဟာ ၄နှစ်ရှိပါပြီ။ Lee Kwang-soo ကတော့ လောလောဆယ်ထိ လက်ထပ်ဖို့စိတ်ကူးမပေါ်သေးဘူးလို့ ပရိသတ်တွေကိုနောက်ခဲ့ဖူးပါတယ်။

Hyuna နဲ့ Dawn


ဒီ K-Pop idol နှစ်ယောက်ကတော့ တွဲနေတယ်ဆိုတဲ့အကြောင်း မနှစ်ကမှ ဝန်ခံပြောဆိုခဲ့တာပါ။  သူတို့နှစ်ယောက်တွဲနေတဲ့အပေါ် ဝေဖန်မှုတွေအမျိုးမျိုးထွက်လာတဲ့ကြားက နှစ်ယောက်သား သံယောဇဉ်ပိုခိုင်မြဲလာပုံပါပဲ။ ၂၀၀၆ခုနှစ်ကနေ စတွဲခဲ့တယ်လို့ သိရပါတယ်။

CeleNow