နိုင်ငံအဆင့် အားကစားသမား တစ်ယောက် ဖြစ်ဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ တောင်ကိုရီးယားရဲ့ နာမည်ကျော် အမျိုးသမီး စားပွဲတင် တင်းနစ် အားကစားမယ် တစ်ဦး ဖြစ်တဲ့ Seo Hyo Won ကလည်း သူ့ရဲ့ အားကစားသမား ဘဝက မလွယ်ခဲ့ကြောင်းကို ရုပ်သံ အစီအစဉ် တစ်ခုကနေ မကြာသေးခင်ကပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်လို့ allkpop ကနေ ရေးသားထားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by 서효원 (@suh_hyowon_)

မူလတန်းတုန်းက ကာယဆရာက လေ့ကျင့်ခန်း မလုပ်ရင် မုန့်မစားရဘူးလို့ ပြောခဲ့တာကြောင့် စားပွဲတင်တင်းနစ် စပြီး ကစားဖြစ်ခဲ့တဲ့သူမက အခုချိန်မှာ ကိုရီးယားနိုင်ငံမှာတင်မက တရုတ်ပြည်မှာပါ အမျိုးသမီး စားပွဲတင် တင်းနစ် အားကစားမယ်တစ်ဦးအဖြစ် နာမည်ကျော်နေပြီ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by 서효원 (@suh_hyowon_)

အထက်တန်းတုန်းက ကျန်းမာရေးကြောင့် အားကစားသမား ဖြစ်ပါတော့မလားဆိုတဲ့ အခြေအနေတွေ ရှိခဲ့သလို သူမ ပါဝင်ထားတဲ့ အသင်းကလည်း ငွေကြေးအခက်အခဲကြောင့် ပြိုကွဲသွားလို့ အသင်းမရှိဘဲ နေခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ နာမည်ကျော် တင်းနစ်ကစား Hyun Jung Hwa ကြောင့် ၂၀၁၁ ခုနှစ်မှာတော့ Korea Open Table Tennis Championship မှာ ပါဝင်နိုင်ခဲ့ပြီး အခုလို ဆက်ပြီး အောင်မြင်တဲ့အထိ အခြေအနေကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by 서효원 (@suh_hyowon_)

ဂျပန်နဲ့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက် ဂျပန်အားကစားသမားကို အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာ သူမရဲ့ အရည်အချင်းရော ချောမောတဲ့ ရုပ်ရည်ကရော ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရရှိပြီး လူသိများလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ကျော်ကြားမှုက မိခင်နိုင်ငံထက် တရုတ်ပြည်မှာ ပိုပြီး ကျော်ကြားပါတယ်။

 

 

View this post on Instagram

 

A post shared by 서효원 (@suh_hyowon_)

လက်ရှိမှာ အသက် ၃၄ နှစ် ရှိနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး သူမ အသက် ၃၀ အရွယ်မှာ ပထမဆုံးအနေနဲ့ အိုလံပစ်မှာ ပါဝင်ခဲ့ဖူးပါတယ်။ အားကစားသမား ဖြစ်ခဲ့ရတာကို တစ်ခါမှ နောင်တမရခဲ့ဖူးတဲ့သူမကတော့ ကင်ဆာရောဂါကြောင့် ဆုံးပါးသွားတဲ့ အဖေဖြစ်သူနဲ့ အတူ အချိန်တွေ အများကြီး အတူ မဖြတ်သန်းခဲ့ရလို့ နောင်တရတယ်လို့ ဆိုပါတယ်။

Kham