ကင်မ်ဂျူးဟျော့ဟာ ယာဉ်တိုက်မှု မဖြစ်ခင် နှလုံးရောဂါကိုခံစားခဲ့ ရပါတယ်တဲ့။

ကင်မ်ဂျူးဟျော့ကို ကွန်းကတ် တက္ကသိုလ်ဆေးရုံဆီကိုအမြန်ဆုံးပို့ဆောင်ခဲ့ ကြပါတယ်။ ဆရာဝန်တွေကတော့  ကားအက်စီးဒင့် မဖြစ်ခင် ကင်မ်ဂျူးဟျော့မှာ နှလုံးရောဂါ ထဖေါက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီကိစ္စကိုစစ်ဆေးတဲ့ရဲတွေကတော့ ကင်မ်ဂျူးဟျော့ဟာ နှလုံးရောဂါကြောင့် ဝေဒနာခံစားရပြီးနောက် လီဗာကို အမှတ်မထင်နင်းမိပြီး ကားတိုက်မှုဖြစ်ပွားခဲ့တယ်လို့ ယူဆကြပါတယ်။

ကင်မ်ဂျူးဟျော့တိုက်ခဲ့တဲ့ ကားရဲ့ ဒရိုင်ဘာကလည်း ကားတိုက်ပြီးနောက် ကင်မ်ဂျူးဟျော့က သူ့ရဲ့ရင်ဘတ်ကို ဆုပ်ကိုင်ထားတာကို တွေ့ခဲ့တယ်လို့ပြောပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်အဖွဲ့တွေ အချိန်မှီရောက်ရှိပြီး ချက်ချင်းဆေးကုသမှုတွေလုပ်ဆောင်ခဲ့ပေမဲ့ ကားတိုက်မှုအပြီး ၂နာရီအကြာမှာသေဆုံးသွားခဲ့ပါတယ်။

ရဲဌာနရဲ့ အရာရှိတစ်ဦးကတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် သက်သေထွက်ဆိုချက်တွေအပြင် ကားမှာလည်းချို့ယွင်းချက်တွေရှိမရှိကို စစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။လိုအပ်ရင်လည်း သေဆုံးသူရဲ့ မိသားစုနဲ့ ပူးပေါင်းပြီး အလောင်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Wint(Cele Now)

source: KOREABOO

Cele NowTeam မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။