ကလေးသရုပ်ဆောင်ဘ၀ကနေ အောင်မြင်တဲ့ မင်းသမီးဖြစ်လာတဲ့ Kim Yoo Jungဟာ ဒီနှစ်မှာဆိုရင်တော့ တက္ကသိုလ်တက်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ Yoo Jung ဟာ တက္ကသိုလ်တက်ဖို့အတွက် ၀င်ခွင့်စာမေးပွဲကိုဖြေဆိုဖို့ ပြင်ဆင်မှာမဟုတ်ဘူးလို့ သူ့ရဲ့အေဂျင်စီကနေတဆင့်ပြောကြားခဲ့ပါတယ်။ Yoo Jung ဟာ တက္ကသိုလ်တက်ဖို့ထက် သရုပ်ဆောင်အလုပ်ကိုပဲ အာရုံစိုက်လုပ်ကိုင်သွားဖို့ရှိပါတယ်။

Yoo Jung ဟာ သူမရဲ့ အသက် (၂၀) အရွယ်မှာ မတူညီတဲ့ ပုံစံအမျိုးမျိုးကို ပရိသတ်ကိုချပြချင်တယ်လို့ ပြောခဲ့ပါသေးတယ်။

Yoo Jung နဲ့ သက်တူရွယ်တူတွေဖြစ်ကြတဲ့  Kim Sohyun၊ Jin Jihee၊ Weki Meki အဖွဲ့ရဲ့ Choi Yoojung နဲ့ Kim Doyeon တို့အပြင် Kim Sohye၊ Wanna One အဖွဲ့က Park Jihoon နဲ့ Park Woojin တို့ကတော့ တက္ကသိုလ်တတ်ဖို့ ပြင်ဆင်ကြမယ်လို့ သိရပါတယ်။

Source:Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။