Kim Woo Bin  ကတော့ Uncontrollably Fond ဇာတ်ကားနဲ့ပရိသတ်အားပေးမှု အပြည့် အ၀ ရခဲ့သူပါ။(၂၀၁၇) မေလ တုန်းက  ကင်ဆာရောဂါကြောင့် အနုပညာ အလုပ်တွေ ရပ်နားပြီးဆေး ကုသမှုခံယူနေရသူပါ။ Nasophar yngeal  ဆိုတဲ့ ရှားပါးကင်ဆာရောဂါ တစ်မျို့းကို ခံစားနေ ရ တာဖြစ်ပြီး  ဦးခေါင်းနဲ့ လည်ပင်းမှာဖြစ်တဲ့ ကင်ဆာပါ။သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်ေ တွကို ကိုယ်တိုင်အသိပေးခဲ့ပါတယ်။Wiretap ဆိုတဲ့ ဇာတ်ကားရိုက်ကူးနေစဉ်မှာပဲ မကြာခဏ ဆို သလို နှာခေါင်းသွေးယိုတာ၊လည်ချောင်းရောင်တာတွေ ခံစားခဲ့ရတာပါ။ကင်ဆာဆိုတာ သိလိုက်တာ နဲ့ တစ်ပြိုင်တည်း အနုပညာအလုပ်တွေ ရပ်နားပြီး ကုသမှုတွေ ခံယူနေခဲ့တာ ဒီနေ့အ ထိပါ။

Kim Woo Bin ရဲ့Shin Min Ah က”သူကုသမှုခံယူနေချိန်မှာ  ကျမသူ့အနားမှာ ကူညီဖေး မရင်း ရှိနေပါတယ်..” လို့ ပြောခဲ့ပါတယ်။သူမပြောခဲ့သလိုပဲ တကယ်လည်း ကင်ဆာနဲ့ တိုက်ပွဲဝင်နေတဲ့ ချစ်သူရဲ့ အနား မှာ ရှိနေပေးခဲ့တာပါ။ကင်ဆာနဲ့ တိုက်ပွဲဝင်လာတာ တစ်နှစ်နီးပါး အကြာမှာတော့ Kim Woo Bin ရဲ့ လက်ရှိ အခြေအနေ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဧပြီ (၁၃)ရက်နေ့က Kim Woo Bin ရဲ့ Instagram မှာ ပုံတွေနဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ပါ တ ယ်။အကျီင်္အဆင်းကြားကို ၀တ်ဆင်ထားပြီး ပန်းစည်းကိုင်ထား ပါတယ်။သူ့အေဂျင်စီက ၀န်ထမ်း တွေလို့ ယူဆရတဲ့ လူတစ်စုကလည်း သူ့ဘေးနားမှာ ရှိနေပါတယ်။Kim Woo Bin ကတော့ ကင် မရာ ကိုတည့်တည့်ကြီးပြီး ပြုံးပြခဲ့ပါသေးတယ်။မျက်နှာကို ကြည့်ရတာတော့ ရွှင်ရွှင် လန်း လန်း ပုံမျိုးပါ။သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အေဂျင်စီဘက်ကတော့ အတိအလင်း ထုတ်မပြောသေးပါဘူး။fan တွေကတော့ Kim Woo Bin ကို အမြန်ဆုံးနေပြန် ကောင်းလာဖို့ ဆုတောင်း ပေးနေကြပါတယ်။

Source kdramabuzz