‘The Penthouse: War in Life’ ထဲက အဓိက မင်းသမီး သုံးယောက်ထဲမှာ တော့ နှစ်ယောက်ဖြစ်တဲ့ Kim So Yeon နဲ့ Eugene တို့ က တော့ အိမ်ထောင်သည် တွေ ပါ။နှစ်ယောက်လုံးကလည်း အနုပညာရှင် တွေ နဲ့ပဲ လက်ထပ် ထားကြတာပါ။ Kim So Yeon က မင်းသား Lee Sang-woo နဲ့ ၂၀၁၇ မှာ လက်ထပ်ထားပြီး Eugene က တော့ မင်းသား Ki Tae-young နဲ့ ၂၀၁၁ က လက်ထပ်ထားတာပါ။’The Penthouse: War in Life’ ထဲမှာတော့ နမ်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါပါတယ်။အဲ့ဒီလို အခန်းတွေ အပေါ် ခင်ပွန်းသည်တွေ က ဘယ်လို တုံ့ပြန်လဲ ဆိုတဲ့ အကြောင်းကိုတော့ All Kpop မှာ အခုလို ဖော်ပြထားပါတယ်။
View this post on Instagram
View this post on Instagram
ဇန်န၀ါရီ ၁၂ ရက်နေ့ တုန်းက အထူးအပိုင်း ‘Penthouse – Hidden Room: Hidden Story’ မှာ ဒီအ ကြောင်းကို ထုတ်ပြောခဲ့ကြတာပါ။ Uhm Ki Joon ကတော့ သူ့ရဲ့ ဇာတ်ကောင် ဂျူဒန်းထယ်က အဓိက မင်းသမီးတွေ ဖြစ်တဲ့ Kim So Yeon, Eugene, Lee Ji Ah တို့ ကို နမ်းရတဲ့ အတွက် သူလည်း စိုး ရိမ် စိတ်လှုပ်ရှား ရပါတယ်လို့ ပြောခဲ့ပါတယ်။သူ့ဇာတ်ကောင်က ဒီဇာတ်ကားထဲမှာ ဒီ အမျိုးသမီးသုံးယောက်နဲ့ ပတ်သက်ရတဲ့ ဇာတ်ကောင်ပါ။တစ်ယောက်က ဇနီး ကျန် နှစ်ယောက်က သူနဲ့ ဖောက်ပြန်တဲ့ ပတ်သက်မှု မျိုးပါ။”အစိုးရိမ် ဆုံးက တော့ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်က လက်ထပ်ထားတဲ့ သူတွေ မို့ပါ..” လို့ ပြောလာပါတယ်။
View this post on Instagram
Kim So Yeon က တော့ သူမရဲ့ ခင်ပွန်း Lee Sang-woo က ဒါနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်လဲ ဆိုတာ ခုလို ပြောလာပါတယ်။” Lee Sang-woo က တော့ Lee Sang-woo ပဲ။ဒါပေမယ့် ကျွန်မ ယောက္ခမ တွေကို ကျွန်မ ကြိုပြီး သတိပေးထား ပြောပြထားချင်ခဲ့တယ်။တစ်ချို့ Scene တွေ က ဒီလို ဒီလို ရှိတယ် ဆိုပြီး တော့ပေါ့..။အပိုင်း ၇ ၊၈၊၉ နဲ့ ၁၀ တို့ ထွက်လာ တယ်။အပိုင်းတွေ ဆက်တိုက် ထွက်လာ တော့ ဒါက သရုပ်ဆောင်တာ ပဲ လေ ဆိုပြီးတော့ ကျွန်မ ယောက္ခမ တွေ က ကျွန်မကို ပြောလာတယ်။သူတို့ က ဒါနဲ့ ပတ်သက်ပြီး အေးဆေးပါပဲ..” လို့ ပြောခဲ့ပါတယ်။
View this post on Instagram
Eugene က တော့ သူမ ခင်ပွန်း Ki Tae-young က တော့..”ကျွန်မတို့ နှစ်ယောက်က ဇာတ်ကားကို ဘယ်တုန်းကမှ အတူတူ မကြည့်ခဲ့ ကြဘူး။သူတစ်ယောက်တည်း ကြည့်တယ် ထင်တယ်။ကျွန်မတို့က သရုပ်ဆောင်တွေ ဆို တော့ ကျွန်မ နားလည်တယ်လေ။ဒါပေမယ့် အိုယွန်း ဟီ နဲ့ သူမရဲ့ သူမရဲ့ရဲတင်းလွန်းတဲ့ လက် ဆိုတဲ့ သတင်း ခေါင်းစဉ် တစ်ခုကို သူမြင်သွားတယ်ထင်တယ်။နမ်း တုန်းက ကျွန်မက Um Ki Joon ရဲ့ တင်ပါးကို ကိုင်မိသွားတယ် ကြားတယ်။သူက အဲ့လို ရေးထားတာကိုလဲ မြင်ရော ရဲတင်းလွန်းတဲ့ လက်ဆိုတာ ဘာလဲ ဆိုပြီး တော့ ကျွန်မ ကို မေး တယ်..” ဆိုပြီး ဂျူဒန်းထယ် နဲ့ အနမ်းဇာတ်ဝင်ခန်း တွေ အပေါ် ခင်ပွန်းရဲ့ တုံ့ပြန်မှု ကို ပြန်ပြောပြခဲ့ပါတယ်။
Their reaction while watching Joo Dan Tae’s kissing scene. #LeeJiAh is a mood 🤣🤣🤣#PenthouseSpecial #ThePenthouse pic.twitter.com/07MSMNtnaK
— 🐰 (@kyeoptachinguuu) January 12, 2021
‘The Penthouse Season 2 ရဲ့ Teaser (၅ ရက်နေ့ ပြမယ် ဆိုတာက နေ အခုနောက်ဆုံး ပြောလိုက်တာက တော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ပြမယ် ဆိုပြီး SBS ဘက်က ထပ် ပြော လာခဲ့ပါတယ်)
#CELENOW