Kim So Hyun ရဲ့ နောက်ဆုံးဒရမ်မာကား “Radio Romance,”  က ပြသပြီးစီးခဲ့တာ သိပ်မကြာသေးပါဘူး။ဒီကား မှာတော့ သူမနဲ့ အတူ Yoon Doojoon က အတူတွဲဖက်သရုပ်ဆောင်ထားပါတယ်။ဒီဒရမ်မာကားထဲမှာတော့ နှစ်ယောက်လုံးက ငယ်ရွယ်တဲ့ အချစ်ကို သရုပ်ဖော်ထားတာပါ။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ နမ်းတဲ့ ဇာတ်ဝင်ခန်းတွေမှာဆိုရင် ပရိသတ်တွေက အတော်လေး သဘောကျခဲ့ကြပါတယ်။

ဇာတ်ကားထဲက သူမရဲ့ သရုပ်ဆောင်ချက်တွေက အရမ်းသရုပ်ပီပြင်လွန်းတော့ ဒါနဲ့ပတ်သက်ပြီး မေးတဲ့ အခါမှာတော့ .. Kim So Hyun က “အရင်က ကျမ ဘယ်သူနဲ့မှ ဒိတ်မလုပ်ဖူးဘူး..” “အဲ့ဒီလို ကျမ ပြောတိုင်း  ဘယ်သူ မှ ကျ မကို မယုံဘူး..ဒါပေမယ့် ကျမမှ တကယ်ပဲ ချစ်သူမရှိခဲ့ဖူးပါဘူး..အမှန်အတိုင်းဝန်ခံရရင် တစ်ယောက်တော့ ရှိခဲ့ဖူး တယ် လို့ ကျမလည်း ပြောချင်ပါတယ်..ကင်မရာဒါရိုက်တာက ဟာသတစ်ဝက်နဲ့ တကယ်အတည်ပြောခဲ့ပါတယ် “ဒိတ်လုပ်တဲ့ ခံစားချက်မျိုး မခံစားရဘူး လို့ ပြောတုန်းက ကျမအံ့သြသွားတယ်..ဒိတ်လုပ်ဖို့ လိုသလား. .ဆိုပြီးတော့..”

“အချစ်တွေပြည့်နေတဲ့ ခံစားချက်တွေ သရုပ်ဆောင်ပြရတာ ကျမအတွက်တော့ အရမ်းကို ခက်ခဲပါတယ်..တစ်နေ့ ကျရင် တော့ ကျမလည်း အခုလိုပျော်စရာနဲ့ ဒိတ်လုပ်ရတဲ့ အတွေ့အကြုံကို ခံစား ကြည့်ချင်သေးတယ်..တက္ကသိုလ်နယ်မြေက စုံတွဲဘ၀ကို စိတ်ကူးယဉ်လား..?ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ပါဘူး.ကျမရဲ့ ပထမဆုံး ဒိတ်လုပ်တဲ့ အတွေ့ အကြုံကို အရုပ်ဆိုးအကျည်းတန်တာမျိုး မလိုချင်ဘူး..” လို့ ပြောခဲ့ပါတယ်။

Source .soompi