Kim Seon Ho ဟာ Start-Up ဒရာမာဇာတ်ကားနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ သရုပ်ဆောင်မင်းသားတစ်လက်ပါ။ Pinkvilla သတင်းအရ သူက စီနီယာတွေဆီက အကြံဉာဏ်တွေယူပြီး ပြောင်းလဲမှုတွေကိုလက်ခံခဲ့ကြောင်း ပြောပြခဲ့တယ်လို့ သိရပါတယ်။ Start-Up ဒရာမာဇာတ်လမ်းတွဲမှာတော့ သူက အဓိကဇာတ်ကောင် Han Ji Pyeong အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

မကြာသေးခင်ကတော့ Seon-Ho က အနုပညာလောကထဲမှာကျင်လည်ရင်း သူ့စီနီယာတွေဆီက ရရှိခဲ့တဲ့ အကြံပေးစကားတွေကို အခုလိုဝေငှခဲ့ပါတယ်။ သူ့စီနီယာတွေက လူတစ်ယောက်ဟာ အသက်ကြီးလာလေလေ၊ သူတို့ရဲ့နည်းလမ်းတွေဟာ မာကျောခက်ထန်လာလေလေပဲလို့ ပြောခဲ့ကြတာပါ။

Seon-Ho က “ကျွန်တော်က ကျွန်တော့်စီနီယာတွေနဲ့ စကားပြောနေခဲ့တာ။ သူတို့က ကျွန်တော့်ကို ပြောတယ်။ မင်းအသက်ကြီးလာလေလေ၊ မင်းလုပ်ပုံလုပ်နည်းတွေဟာ မာကြောလာလေလေပဲ။ ဒီတော့ မင်းလမ်းကြောင်းပိတ်သွားရော။ မင်းကိုယ်တိုင်လည်း တကယ်ပဲ ခေါင်းမာလာလိမ့်မယ်။ မင်း ဒီလိုဖြစ်လို့မရဘူး။ ကျွန်တော်လည်း ဒါကိုကြားပြီးတော့ အထပ်ထပ်အခါခါစဉ်းစားတယ်။ ပြီးတော့ သိသွားတာက ကျွန်တော်ဟာ အမြဲတမ်းသင်ယူသွားရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲနေထိုင်သင့်တယ်လို့။ ဒါနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် သတိပေးတဲ့အကျင့်ဖြစ်လာတယ်။ လက်တွေ့မှာလည်း တခြားလူတစ်ယောက်ရဲ့ကောင်းတဲ့အချက်တွေကိုမြင်ဖို့ စပြီးကြိုးစားတယ်။”

ဒါ့ပြင် Seon-Ho က လူတစ်ယောက်အနေနဲ့ ပြောင်းလဲမှုတွေကြုံလာရင် လက်ခံဖို့လိုကြောင်းဆိုပါတယ်။ “ကျွန်တော့်ဆီကို အပြောင်းအလဲတချို့ဟာ အရင်ကနဲ့မတူဘဲ ရောက်လာခဲ့တယ်။ ကျွန်တော်စိတ်ပျက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် Han Ji Pyeong လည်းဖြစ်ပြီးရော အရာအားလုံးက ပြောင်းလဲသွားတယ်။ အခုဆိုရင် အရင်က မလုပ်ဘူးတဲ့အသစ်တွေကို ကျွန်တော်လုပ်ကိုင်ဖို့ မကြောက်တော့ဘူး။” လို့လည်း သရုပ်ဆောင်ခြင်းနဲ့ပတ်သက်တဲ့ သူ့သဘောထားကို ပြောသွားခဲ့ပါသေးတယ်။

CeleNow