သရုပ်ဆောင် Kim Seon-ho ကတော့ မကြာသေးခင်က ပြသခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ Start-Up မှာ second lead အဖြစ် ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ second lead ဆိုပေမယ့်လည်း ပရိသတ်တွေရဲ့ ရင်ထဲကို ထိထိမိမိ ရောက်ခဲ့ပြီး ပါးချိုင့်လေးရယ်လို့တောင် ချစ်စနိုးနာမည်လေး ရခဲ့ပါတယ်။
View this post on Instagram
နာမည်ကြီးပြီး အောင်မြင်မှုတွေပါ ရလာခဲ့တဲ့သူကတော့ သူ့ရဲ့ တကယ့်ပုံစံအကြောင်းကို ပရိသတ်တွေကို အင်တာဗျူးဖြေရင်း ပြောပြခဲ့ပါတယ်။ သူကတော့ ဇာတ်ဆောင် ဟန်ဂျီဖြောင်းနဲ့ သူ့ရဲ့ တကယ်ပုံစံကို ပရိသတ်တွေကို ပြောပြပေးခဲ့ပါတယ်လို့ koreaboo ကနေ ရေးသားထားခဲ့ပါတယ်။
View this post on Instagram
ဟန်ဂျီဖြောင်းက စတိုင်ကျတယ်၊ အမြဲ suit ဝတ်ပြီး စမတ်ကျနေပေမယ့် သူကတော့ အားကစားဝတ်စုံလို ပေါ့ပေါ့ပါးပါးတွေပဲ ဝတ်တတ်ပါတယ်။
View this post on Instagram
ဟန်ဂျီဖြောင်းက အပြင်မထွက်ခင် အမြဲ ဆံပင်ကို ပုံသွင်းပြီး ထွက်လေ့ ရှိပေမယ့် သူနဲ့ မတူတာက သူက အပြင်သွားရင် ခေါင်းပဲ လျှော်ပြီး ဘာမှမလုပ်ဘဲ အပြင်သွားတာ ဖြစ်ပါတယ်။
တခြားကွာခြားချက်တစ်ခုကတော့ ဟန်ဂျီဖြောင်းက တခြားသူတွေ နာကျင်စေမယ့် စကားလုံးမျိုးတွေ ပြောတတ်ပေမယ့် သူကတော့ အဲ့သလိုတွေ မပြောတတ်ပါဘူးတဲ့။
ဗီဒီယို အပြည့်အစုံကိုတော့ အောက်မှာ ကြည့်လို့ ရပါတယ်နော်။
Kham