နာမည်ကြီးစုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်တဲ့ FBI ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျောင်အင် အင်တာနက်ပေါ်မှာ အမြဲရှာကြည့်လေ့ရှိတဲ့ အကြောင်းအရာကို ထုတ်ဖေါ်လိုက်ပါတယ်။

ကင်မ်ဂျောင်အင်ဟာ ဆွစ်ဇာလန်မှာ ကျောင်းသွားတက်တဲ့ အချိန်တုန်းက သူ့မှာသူငယ်ချင်းမရှိခဲ့တဲ့ အတွက်ကြောင့် ကွန်ပျူတာဂိမ်းတွေနဲ့ အင်တာနက်အသုံးပြု ခြင်းကို တော်တော်လေး စွဲလန်းခဲ့ပါတယ်။အဒီအချိန်တုန်းက ကင်မ်ဂျောင်အင်ဟာ အင်တာနက်ပေါ်မှာ ဘာအကြောင်းအရာတွေကို အများဆုံးရှာဖွေခဲ့သလဲဆိုတာကို FBIကထောက်လှမ်းခဲ့ပါတယ်။

အင်တာနက်ပေါ်မှာ ကင်မ်ဂျောင်အင်အရှာဆုံးအကြောင်းအရာကတော့ သူကိုယ်တိုင်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ပြီးတော့ နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ သတင်းတွေကိုလည်း ရှာလေ့ရှိပါတယ်။

အင်တာနက်ပေါ်မှာဆိုရင်တော့ကင်မ်ဂျောင်အင်ကို လှောင်ထားပြောင်ထားတဲ့ ဓါတ်ပုံတွေ၊ဗွီဒီယိုတွေအများကြီးရှိပါတယ်။အဲဒီဓါတ်ပုံတွေ၊ဗွီဒီယိုတွေကို ကင်မ်ဂျောင်အင်ကတော့ အင်တာနက်သုံးရင်းနဲ့ မြင်တွေ့ရမှာအသေအချာပါပဲ။

ကင်မ်ဂျောင်အင်ဟာ သူ့ရဲ့နာမည်ကို တရုတ်စာနဲ့ရေးပြီးတော့တောင် အင်တာနက်မှာ ရှာခဲ့ပါတယ်။

တရုတ်နိုင်ငံက ဝေဖန်သူတွေကတော့ ကင်မ်ဂျောင်အင်ကို ဖက်တီး(Fatty Kim the Third)လို့ ခေါ်ကြပါတယ်။အဲဒါကြောင့် ကင်မ်ဂျောင်အင်ဟာ တရုတ်နိုင်ငံမှာ အဲဒီအသုံးအနှုန်းကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေဟာ နောက်တစ်မျိုးပြောင်းပြီးတော့ “Golden Three Fat” ဆိုတဲ့ အသုံးအနှုန်းနဲ့ ကင်မ်ဂျောင်အင်ကို ခေါ်ကြပါတယ်။

source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။