ဂျုံးဝုနဲ့ ဂျီဟိုကတော့ ပရိသတ်တွေက တွဲအောင် ship လုပ်နေကြတဲ့ ဆယ်လီတွေပါ။ အားလုံးကလည်း သူတို့နှစ်ယော က်ကို တွဲစေချင်နေသလို တွဲနေပြီဆိုတဲ့ သတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေခဲ့၊ ထွက်ပေါ်နေဆဲပါ။ ဂျီဟိုတစ်ယောက် “My Ugly Duckling”  မှာ MC အဖြစ် ပါဝင်ပေးခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ ဂင်ဂျုံးဝုရဲ့မိခင်လည်း ပါဝင်ခဲ့ပါတယ်။ “My Ugly Duckling”  ကတော့ လူပျိုဆယ်လီတွေရဲ့ နေ့စဉ်ဘ၀နေထိုင်မှုအကြောင်းကို သူတို့ရဲ့ မေမေတွေက လာပြီးပြောပြတဲ့ အစီအစဉ်လေးပါ။ Kim Jong Kook က အဲဒီ Show ရဲ့ ပုံမှန်အဖွဲ့ဝင်ဖြစ်ပြီး မတ် (၁၈) ရက်နေ့ အပိုင်းမှာတော့ ဂျီဟိုနဲ့ ဂျုံးဝုရဲ့ မေမေတို့ ထပ်ဆုံဖြစ်ခဲ့တာပါ။

သူတို့နှစ်ယောက်ဟာ အရင်တုန်းကလည်း RM ရဲ့ အပိုင်းတစ်ခုအတွက် လေယာဉ်တစ်စီးတည်း အတူစီးပြီး ဆုံခဲ့ဖူးပါတယ်။ Show မှာတော့ တခြားတင်ဆက်သူတွေက ဂျီဟိုနဲ့ ဂျုံးဝုတို့ တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေ အကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ ဂျီဟိုက ” ဟုတ်တယ်..ကျမလည်း ဒီအကြောင်းတွေကို သိပါတယ်..ကျမတို့နှစ်ယောက် လက်ထပ်တော့မယ်လို့ သတင်းရေးပြီး ဖော်ပြခဲ့တာတောင် ရှိခဲ့ဖူးပါတယ်..” လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ အဲဒီမှာပဲ တင်ဆက်သူတွေက ဂျီဟိုကို စနောက်ခဲ့ပါတယ်။ တင်ဆက်သူ Shin Dong Yeop ကတော့ “ဒါကို မြင်လိုက်တော့ အာ..ဒီကမ္ဘာပေါ်မှာ ဖုံးထားလို့ရတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိပါလားလို့ မတွေးမိဘူးလား” လို့ စခဲ့ပါတယ်။ ဂျီဟိုက ရယ်ပြီး “ကျမတို့က မိတ်ဆွေတွေပါ.ဒါကြောင့် ဒီသတင်းထွက်လာတော့ ဒီအကြောင်းပြောရင်း ကျမတို့ ရယ်တောင် ရယ်ခဲ့ကြသေးတယ်..” လို့ ပြန်ပြောခဲ့ပါတယ်။

Kim Jong Kook ရဲ့ အမေကတော့  “ဂျီဟိုက ကင်ဂျုံးဝုကို သဘောကျပုံမရဘူးထင်တယ်..” လို့ ၀င်ပြောခဲ့ချိန်မှာတော့ ဂျီဟိုရော တခြားတင်ဆက်သူတွေပါ အံ့သြသွားခဲ့ပါတယ်။ အဲဒီမှာပဲ ဂျုံးဝု မေမေက ဆက်ပြီး “TV Show မှာ အတူတွဲ လုပ်နေတာ နှစ်တွေကြာပေမယ့် ထွက်လာတဲ့ သတင်းတွေကတော့ အတင်းအဖျင်းမကောင်း သတင်းသက်သက်ပါပဲ..ဘာမှ မဟုတ်ပါဘူး..” အဲဒီမှာပဲ ဂျီဟိုက “အဲ့လို မဟုတ်ပါဘူး..အကြောင်းအရင်းက တစ်ယောက်ယောက်နဲ့ အတူတွဲအလုပ်လုပ်တဲ့အခါ တခြားခံစားချက်တွေ မရောသင့်ဘူးလေ..” လို့ ပြောခဲ့ပါတယ်။ ဂျီဟိုက RM အဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းတိုက်ခိုက်သတ်ပုတ်ရတာမျိုးကို ရည်ရွယ်ပြောခဲ့ပါတယ်။ ဂျီဟိုရဲ့ အပြောကြောင့် ပရိသတ်တစ်ချို့ကတော့ ဂျုံးဝုနဲ့ဂျီဟိုစုံတွဲ ဆိုပြီး ဖြစ်လာဖို့က ပိုဝေးများသွားပြီလားဆိုပြီး ပြောနေကြပါတယ်။ ဂျီဟိုနဲ့ ဂျုံးဝုတို့ ဒိတ်ဖို့ ဆိုတာ ဖြစ်လာအုံးမှာလား..? ပရိသတ်ကြီးရဲ့ အမြင်ကရော..?

source soompi