My Ugly Duckling ဆိုတဲ့ အစီအစဉ်တစ်ခုမှာ Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kim Jong Kook ဟာ H.O.T လို့ခေါ်တဲ့ ယောကျာ်းလေး အဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို သူတို့ရဲ့ရည်းစားတွေနဲ့ လျှို့ဝှက်စွာ ချိန်းတွေ့နိုင်အောင် ကူညီပေးခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Kim Jong Kook ဟာ H.O.T အဖွဲ့ဝင်နဲ့ ချိန်းတွေ့မယ့်ကောင်မလေးကို သူ့ကားပေါ်မှာတင်ခေါ်သွားပါတယ်။ ပြီးရင် H.O.T အဖွဲ့ဝင်လာမယ့် အချိန်ထိစောင့်ပေးပြီး သူတို့ရဲ့ လျှို့ဝှက်တဲ့ဒိတ်လေးကို ရိုမန်တစ်ဆန်ဆန်ကုန်ဆုံးနိုင်ဖို့အတွက် ရှောင်ပေးလေ့ရှိပါတယ်တဲ့။

Kim Jong Kookကတော့ သူက စီနီယာတစ်ယောက်ဖြစ်တဲ့အတွက် ကူညီပေးခဲ့တာပါလို့ ပြောခဲ့ပါတယ်။

ပါပါရာဇီတွေ၊ သတင်းမီဒီယာတွေရဲ့ ဓါတ်ပုံရိုက်ခံရခြင်းကို ရှောင်ဖို့အတွက် အချို့သော Idolတွေလည်း ဒီနည်းလမ်းကိုသုံးပြီး ရည်းစားတွေနဲ့ ချိန်းတွေ့နေမလားဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။