Running Man အဖွဲ့ရဲ့ လူပျိုသိုးကြီး Kim Jong Kook ကတော့ ဟောင်ကောင်မှာကျင်းပပြုလုပ်တဲ့ ပွဲတစ်ခုကိုတက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲကိုတော့ Artiz Studio က ကျင်းပတာပါ။ Suen Hue လို့ လူသိများတဲ့ ဟောင်ကောင်မင်းသမီး Jessica Hsuan နဲ့အတူ လက်ချင်းချိတ်ပြီး ပွဲတက်ရောက်လာတာကို တွေ့ရပါတယ်။

Artiz Studio ကတော့ Photo Studio လို့ သိရပါတယ်။ Kim Jong Kook က ဒီပွဲမှာ အထူးဧည့်သည်တစ်ယောက်အဖြစ် တက်ရောက်ပေးခဲ့ပါတယ်။ လူပျိုကြီးကတော့ Suit ၀တ်စုံအပြည့်ဝတ်ကာ တက်ရောက်ခဲ့ပြီး Gentleman ပုံစံမျိုးနဲ့ လုံးဝကြည့်ကောင်းနေတာကို တွေ့ရမှာပါ။ သူနဲ့တွဲဖက် မင်းသမီး Suen Hue ကတော့ အနက်ရောင် ဂါဝန်ရှည်ကိုဝတ်ပြီး တက်ရောက်ခဲ့တာပါ။

Kim Jong Kook ဟာတောင်ကိုရီးယားရဲ့ နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင်၊ TV Personality တစ်ယော က်ပါ။ Turbo ဆိုတဲ့ အဖွဲ့နာမည်နဲ့ ဂီတအလုပ်တွေလုပ်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ တစ်ကိုယ်တော် လှုပ်ရှားမှုတွေ လုပ်ခဲ့တာပါ။ Daesang Award ဆုကို (၃)ကြိမ်တိုင်အောင် ဆွတ်ခူးခဲ့ဖူးသူပါ။ Variety Show တွေမှာလည်း ပါဝင်နေသူပါ။ X-man ၊ Family Outing အစရှိတဲ့ Show တွေမှာပါဝင်ခဲ့သူပါ။ ဒါပေမယ့် Running Man ကတော့ သူ့ကိုပိုပြီးနာမည်ကြီးစေခဲ့ကာ ကမ္ဘာတစ်ဝန်းမှာပါ ပရိသတ်အခိုင်အမာရရှိစေခဲ့ပါတယ်။

from (Kim Jong Kook‘s fan )

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။