Running Man ရဲ့ အဖွဲ့သားတွေကြားမှာ နောက်ထပ် အချစ်ရေး ကောလာဟလသတင်း ထွက်ပေါ်လာပြန်ပါပြီ။ ဂင်ဂျုံးဝု နဲ့ ဂျီဟိုပါ။ အစ်ကို၊ ညီမဆက်ဆံရေးကနေ နောက်တစ်ဆင့် ထပ်တတ်နေပြီလားဆိုပြီး သတင်းတွေ ထွက်နေတာပါ။မကြာသေးမီက ထုတ်လွှင့်ပြသလိုက်တဲ့ Running Man အပိုင်းက အစပြုပြီး တွဲနေတယ်ဆိုတဲ့သတင်းတွေ နေ့ချင်းညချင်း ပျံ့နှံ့ထွက်ပေါ်လာခဲ့တာပါ။

“The Nevis Swing Couple” လို့ တွဲပေးလိုက်တာက ဒီလိုသတင်းတွေ ထွက်ပေါ်ခဲ့ရတာပါ။ တစ်ချို့ မီဒီယာတွေမှာဆိုရင် သူတို့နှစ်ယောက် တိတ်တိတ်လေးတွဲနေတာ တစ်နှစ်ကျော်လောက်တောင်ရှိနေပြီ၊ တစ်ချို့မှာတော့ လက်ထပ်ကြတော့မယ်ဆိုပြီးတော့ ဖော်ပြခဲ့ကြတာပါ။ ဒီလိုသတင်းတွေထွက်နေတာနဲ့ပတ်သက်ပြီး ဂျီဟိုက…

“ကျွန်မတို့ နှစ်ယောက် လက်ထပ်ကြတော့မယ်လို့ သတင်းတစ်ပုဒ်ကို တွေ့လိုက်ရတော့ အရမ်းကို အံ့သြတုန်လှုပ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။ “Running Man” ခရစ်စမတ်အထူးအပိုင်းမှာ ခုလို ပြောခဲ့တာပါ။

ဂျုံးဂု၊ ဂျီဟိုတို့ရဲ့ ချစ်လှစွာသော အစ်ကိုကြီး ဂျီဆော့ဂျင်ကတော့ သူတို့နှစ်ယောက်တွဲနေတာ မဟုတ်ကြောင်း သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးနဲ့ လောင်းရဲတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။ အဲဒီအခါမှာတော့ အနားမှာရှိနေတဲ့ HaHa က “အခုကစပြီး နင်တို့ ဒိတ်လုပ်သင့်တယ်။ ဒါမှ အစ်ကို ဆော့ဂျင်ရဲ့ ပိုင်ဆိုင်မှုတွေကို ရမှာ၊ သူ့ပစ္စည်းတွေကို ယူပြီးမှ ပြန်လမ်းခွဲလိုက်ကြ” ဆိုပြီး ၀င်ပြောခဲ့ပါတယ်။ ဂျီဟိုနဲ့ ဂျုံးဂုကို ပရိသတ်အများစုက “Ace Couple” ဆိုပြီး ဖြစ်သွားစေချင်နေကြတာပါ။

from koreaboo