“My Ugly Duckling,” ရဲ့ နောက်ဆုံးအပိုင်းမှာတော့ Kim Jong Kook  က လက်ရှိအဖွဲ့ဝင်တွေထဲကမှ သူ့ရဲ့ စိတ်ကူးထဲက ချစ်သူပုံစံနဲ့ အနီးစပ်ဆုံးတူ တဲ့ သူကို ရွေးထုတ်ပြခဲ့ပါတယ်။ဧပြီ (၂၉)ရက်နေ့က SBS reality show မှာတော့ Kim Jong Kook က သူ့ရဲ့ သူငယ်ချင်းတွေ အများကြီးနဲ့ အတူ အပြင်သွားခဲ့ပါတယ်။အဲ့ဒီမှာတော့ သူငယ် ချင်း တွေက “Running Man.”  အမျိုးသမီးအဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး Kim Jong Kook ကို မေးခဲ့ပါတယ်။

Shorry က အဆိုတော် Hong Jin Young ကို Mention လုပ်ပြောခဲ့ပါတယ်။သူမဟာ RM မှာ long-term guest အဖြစ် ပါဝင်နေသူပါ။Kim Jong Kook က သူမအကြောင်း ပြောတဲ့ အခါမှာတော့.. “Jin Young က စမတ် ဖြစ်ကြောင်း၊ပညာတက်တစ်ယောက် ဖြစ်တယ်လို့ ကြားဖူးထားတယ် ဆိုပြီး ပြောခဲ့ပါတယ်။Kim Jong Kook’ ရဲ့ မန်နေဂျာက ပြောရာမှာတော့..”ချစ်စရာ ကောင်းတဲ့ အမျိုးသမီးပုံစံမျိုး ဥပမာ- Jin Young လိုမျိုးကို ကြိုက်လား လို့ မေး တဲ့ အခါမှာတော့..”ကျတော့်ကောင်မလေးမှာ ချစ်စရာ ကောင်းတာတွေ အများကြီးရှိရင်တော့ ကောင်းတာပေါ့.. Jin Young ကတော့ နည်းနည်းတော့ ပိုလွန်းတာပေါ့..” ဆိုပြီး ရယ်မောပြီး ပြန်ဖြေခဲ့ပါတယ်။

 

“Running Man”  မှာ အတူတွဲပါဝင်နေတဲ့ ဂျီဟိုနဲ့ ဒိတ်လုပ်တယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေါ် နေတာနဲ့ ပတ်သက်ပြီး ပြောရာမှာတော့  Kim Jong Kook က” မိသားစုဝင်တွေ ကြား(RM အဖွဲ့ဝင်ချင်း မိသားစုလို သဘော ထားတာကို ဆိုလို)မှာ ဒီလိုကိစ္စမျိုး မဖြစ် သင့်ဘူး..” ဆိုပြီး ပြောခဲ့ပါတယ်။သူငယ်ချင်းတွေက RM အဖွဲ့ဝင် တွေထဲ က မှ သူ့ရဲ့ စိတ်ကူးထဲက ချစ်သူပုံစံနဲ့ အနီးစပ်ဆုံးတူတဲ့ သူကို ရွေးထုတ်ခိုင်းတဲ့ အခါမှာတော့…Kim Jong Kook က အရမ်းတွေ တုံ့ဆိုင်းမနေပဲ ချက်ချင်းဆိုသလို..“Hong Jin Young.” လို့ ပြန်ဖြေခဲ့ပါတယ်။ဘေးက လူတွေက ၀ိုင်း ပြီး Hong Jin Young ကို ဖုန်းခေါ်ဖို့ တွန်းအားပေးတဲ့ အခါမှာတော့..”သူမရဲ့ personality  (ဒါမှမဟုတ်) တခြား ဟာ တွေကို ကြည့်လေ သူမက ကောင်းတယ်လေ..မဟုတ်ဖူးလား ” ဆိုပြီး ပြောခဲ့ပါတယ်။ဘေးက သူငယ်ချင်းတွေ နဲ့ Shorry တို့က ဆက်စနေတဲ့ အခါမှာတော့..”ငါ့ဆီမှာ သူ့ဖုန်းနံပါတ်ရှိပေမယ့်.သူမကို တခြား Personal ကိစ္စ နဲ့ မဆက်သွယ်ဘူး..” ဆိုပြီး Show ကိစ္စနဲ့မသက်ဆိုင်ပဲ Personal ကိစ္စတွေ မပြောဘူး ဆိုပြီး ပြောခဲ့ပါတယ်။

“My Ugly Duckling”  စတူဒီယို  Hong Jin Young က special MC  အဖြစ် ပါဝင်ခဲ့တုန်းက အစီအစဉ်တင် ဆက်သူ Seo Jang Hoon က သူမကို “My Ugly Duckling” ထဲက သူမရဲ့ စိတ်ကူးထဲက ချစ်သူ ပုံစံနဲ့ အနီးစပ်ဆုံး လူပျိုတစ်ယောက်ကို ဖုန်းခေါ်ခိုင်းတဲ့ အခါမှာတော့ Hong Jin Young  က Kim Jong Kook ကို ရွေး ချယ် ခဲ့ပါတယ်။ Kim Jong Kook ရဲ့ မေမေကလည်း ပျော်ရွှင်ခဲ့ပြီး သူမရဲ့ သားကို ဖုန်းခေါ်နေစဉ်မှာ..”သားရဲ့ မေမေ ကလည်း Jin Young ကို ကြိုက်ပါတယ်.” ဆိုပြီး ပြောခဲ့ပါတယ်။

Source soompi