အသက်(၃၅)နှစ်ရှိနေပြီဖြစ်တဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော် မင်းသား Hyun Bin နဲ့ အသက် (၂၇)နှစ်အရွယ်မင်းသမီး Kang Sora  တို့ လမ်းခွဲလိုက်ကြပါပြီ။ ချစ်သူသက်တမ်း တစ်နှစ်ကျော်လောက်အကြာမှာပဲ လမ်းခွဲလိုက်ကြတာလို့ kstarlive မှာဖော်ပြထားပါတယ်။ Hyun Bin  ကတော့ အရင်တုန်းက မင်းသမီးဆောင်းဟေကိုနဲ့လည်း တွဲခဲ့ဖူးပါတယ်။

ဒီဇင်ဘာ(၈)ရက်နေ့က Munhwa Ilbo ဆိုတဲ့ ကိုရီးယားသတင်းစာမှာ ဒီအကြောင်းကို ဖော်ပြခဲ့တာပါ။ အကြောင်းအရင်းကတော့ ကိုရီးယားဆယ်လီတွေ လမ်းခွဲလိုက်တိုင်းပေးနေကြ အကြောင်းပြချက်ပါပဲ။ အလုပ်တွေ အရမ်းများလို့ တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်တော့လို့ လမ်းခွဲလိုက်ကြတာလို့ ဖော်ပြထားပါတယ်။

သူတို့စုံတွဲဟာ (၂၀၁၆)အောက်တိုဘာတုန်းက တွေ့ခဲ့ကြတာပါ။ တွဲနေတယ်လို့သတင်းတွေထွက်ပြီး နှစ်လအကြာမှာပဲ တွဲနေတယ်ဆိုတာ မှန်ကန်ကြောင်း ၀န်ခံလိုက်ကြတာပါ။ လမ်းခွဲလိုက်တဲ့အကြောင်းနဲ့ပတ်သက်ပြီး နှစ်ယောက်လုံးက လက်ရှိအခြေအနေကိုထုတ်ပြောဖို့ အင်တင်တင် ဖြစ်နေကြတယ်လို့ သတင်းတွေအရသိရပါတယ်။

Kang Sora ရဲ့ အေဂျင်စီဘက်ကတော့ လမ်းခွဲလိုက်ပြီဆိုတာ မှန်ကန်ကြောင်း၊ သူတို့နှစ်ယောက် မကြာသေးမီကမှ လမ်းခွဲလိုက်တယ်လို့ Kang Sora ကပြောခဲ့တယ်လို့ အတိအလင်း အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းကတွဲနေပြီလို့ အတည်ပြုခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ဒီနှစ်ဒီဇင်ဘာမှာပဲ လမ်းခွဲလိုက်ကြတာပါ။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။