ဒီနေ့ခေတ် လူငယ်တွေထဲမှာ ဆယ်ဖီဓာတ်ပုံရိုက်တာကတော့ အရမ်းကို ခေတ်စားပါတယ်။ အများအားဖြင့် ဆယ်ဖီ ရိုက်တဲ့အခါ ကိုယ့်ရဲ့ ပုံကို အချောဆုံး မြင်ရတတ်ပါတယ်။ K-pop Idol တွေလည်းပဲ Selfie ပုံတွေ ရိုက်လေ့ ရှိပြီး သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ တင်လေ့ ရှိပါတယ်။ တစ်ချို့သော Idol တွေကတော့ အပြင်မှာ ရုပ်ချောကြပေမယ့် ဆယ်ဖီပုံ ရိုက်တဲ့အခါမှာတော့ ပုံဆိုးပန်းဆိုးတွေပဲ အမြဲ ရိုက်တတ်ကြပါတယ်။ သူတို့တွေအကြောင်းကိုတော့ allkpop ကနေ အခုလို ဖော်ပြထားခဲ့ပါတယ်။
Siwan ( ZE:A )
မျက်နှာ ရှည်ရှည်သွယ်သွယ်နဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည် ရှိတဲ့ Siwan ကတော့ မိန်းကလေး ပရိသတ်တွေ အခိုင်အမာ ရှိထားကြပါတယ်။ ဒါပေမယ့်လည်း သူက ဆယ်ဖီဓာတ်ပုံရိုက်ရင် အမြဲ ပုံဆိုးဆိုးပဲ ထွက်နေတတ်ပါတယ်။
View this post on Instagram
Taeyang ( Big Bang )
နာမည်ကျော် အဖွဲ့တစ်ခု ဖြစ်တဲ့ Big Bang ရဲ့ Taeyang ကလည်း ခပ်မိုက်မိုက်နဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည် ပိုင်ရှင်မျိုးပါ။ ဆယ်ဖီပုံတွေမှာတော့ သူ့ကို ကြည့်မကောင်းတဲ့ လူတစ်ယောက်အဖြစ်ပဲ မြင်ရမှာ ဖြစ်ပါတယ်။
View this post on Instagram
Moonbin ( ASTRO )
နုပျိုလွန်းပြီး စိတ်ကြည်လင်တဲ့ မျက်နှာအသွင်နဲ့ Moonbin ကလည်း ဆယ်ဖီပုံ လှလှ မရိုက်တတ်ပါဘူး။
View this post on Instagram
Jimin ( BTS )
နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် Jimin ကလည်း ဆယ်ဖီပုံတွေမှာ တမျိုး ဖြစ်ဖြစ်နေတာကို တွေ့ရမှာပါ။ တခါတလေ ပုံဆိုးပန်းဆိုးတွေပါ ထွက်အောင် ရိုက်နိုင်တဲ့ Jimin ပါပဲ။
View this post on Instagram
Sehun ( EXO )
ယောင်္ကျားပီသတဲ့ ရုပ်ရည်နဲ့အတူ ပရိသတ်တွေ အခိုင်အမာ ရှိထားတဲ့ EXO’s Sehun ကလည်း ချောနေတဲ့ ရုပ်ရည်ကို ကြည့်ကောင်းနေအောင် မရိုက်တတ်ပါဘူး။ ပုံကောင်းကောင်း ထွက်မလာတဲ့ အချိန်တွေလည်း တော်တော်များများ ရှိနေပါတယ်။
View this post on Instagram
Kham