K-Pop idol တွေဟာ သူတို့ကို မလိုမုန်းထားသူတွေနဲ့ အမြဲတမ်းရင်ဆိုင်ကြုံတွေ့ရပါတယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောတတ်သူတွေ၊ အနိုင်ကျင့်ပြီးဆက်ဆံပြောဆိုသူတွေစသဖြင့် ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ idol တွေအနေနဲ့ ဒီလို hater တွေရန်က အချင်းချင်းကာကွယ်ပေးသူတွေလည်း ရှိနေတာကို koreaboo ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။
GOT7’s BamBam & BLACKPINK’s Lisa
၃၃ကြိမ်မြောက် Golden Disk Awards မှာ Blackpink က Lisa ဟာ ဆိုးဝါးတဲ့မန့်တွေအများကြီးရခဲ့ပါတယ်။ Lisa ဟာ သာမန်ထိုင်းအမျိုးသမီးသာဖြစ်ပြီး ကိုရီးယားမိတ်ကပ်တွေကြောင့် လှနေတာပါလို့ ဝေဖန်ခဲ့ကြတာပါ။ ပရိသတ်တော်တော်များများနဲ့အတူ Lisa ဘက်က ကာကွယ်ပြောဆိုခဲ့သူကတော့ GOT7က BamBam ဖြစ်ပါတယ်။ သူကတော့ Lisa ကိုဆက်သွယ်ပြီး အားပေးစကားပြောခဲ့တာပါ။
“ကျွန်တော် သတင်းတွေကြားပါတယ်။ ကျွန်တော်က Lisa ရဲ့သူငယ်ချင်းဖြစ်တဲ့အတွက် သူ့ကိုအားပေးစကားပြောပြီးပါပြီ။ ဒါက ကိစ္စကြီးမဟုတ်သလို သူ့ကိုဝေဖန်တဲ့သူတွေကလည်း အနည်းအကျဉ်းပဲရှိတာ။ သူ့ဘက်မှာ လူကောင်းတွေအများကြီးရှိပါတယ်။ သူက စိတ်သဘောကောင်းတဲ့မိန်းကလေးပါ။ အချိန်ကစကားပြောလိမ့်မယ်။” လို့ BamBam က ပြောပြခဲ့ပါတယ်။
BIGBANG’s Taeyang & G-Dragon
G-Dragon ဟာ အထက်တန်းကျောင်းတက်တုန်းက တော်တော်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ သူဟာ အဲ့ဒီအချိန်မှာ အဆိုတော်အဖြစ်ပွဲထွက်နေပြီးဖြစ်ပါတယ်။ အထက်တန်းကျောင်းကို သူစစတက်ခြင်းနေ့မှာပဲ လူအချို့က သူ့ကိုရန်ပြုကြတာပါ။ ကံကောင်းစွာနဲ့ပဲ Taeyang ဟာ G-Dragon နဲ့တစ်ကျောင်းတည်းမှာတက်နေခဲ့တာဖြစ်ပြီး သူဟာ အနိုင်ကျင့်မယ့်သူတွေလက်ထဲရောက်တော့မယ့် G-Dragon ကိုကယ်ထုတ်သွားခဲ့ပါတယ်။
IU & DIA’s Yebin
DIA က Yebin ဟာ IU ပရိသတ်ဖြစ်ပါတယ်။ IU ရဲ့သီချင်းတွေကို သူမကာဗာပြန်ဆိုထားပြီး သူမအင်စတာဂရမ်ပေါ်မှာ ရှဲထားခဲ့ပါတယ်။ ဒါပေမဲ့ hater တစ်ယောက်ကတော့ Yebin ဟာ IU ရဲ့ပရိသတ်မဖြစ်သင့်ဘူး၊ IU ကသူ့ကိုအဖက်တောင်မလုပ်၊ သနားစရာကောင်းတယ်ဆိုပြီး ပြောခဲ့တာပါ။ Yebin ကတော့ သူမဟာ ပရိသတ်သက်သက်သာဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။ သူတို့ပြောနေတဲ့ စကားတွေကိုတော့ IU ကိုယ်တိုင်မြင်သွားခဲ့ပြီး Yebin ဘက်က ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။
WINNER’s Mino, Block B’s P.O & Choi Ye Seul
မင်းသမီး Choi Ye Seul ဟာ အဆိုတော်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ WINNER တေးဂီတအဖွဲ့က Mino နဲ့ Block B က P.O တို့ကိုတော့ Choi Ye Seul က ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ သူမတို့အထက်တန်းကျောင်းတုန်းက Choi Ye Seul ဟာ K-Drama ဖြစ်တဲ့ Boys Over Flowers ထဲက ဇာတ်ကောင် Geum Jan Di အဖြစ် အတုခိုးခဲ့ပါတယ်။ ဒါပေမဲ့ သူမကို ဒီလိုအတုခိုးရမလားဆိုပြီး အခြားအမျိုးသမီးအတန်းဖော်တွေက bully လုပ်ကြပါတယ်။ ဒီအခါ Mino နဲ့ P.O တို့ကတော့ Choi Ye Seul ဘက်ကနေပြီးရပ်တည်ပေးခဲ့တယ်လို့ သိရပါတယ်။
CeleNow