ပရိသတ်တွေ စောင့်မျှော်နေတဲ့ ရုပ်ရှင်ကား တော်တော်များများကတော့ အောက်တိုဘာလမှာ ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။ အချိန်တွေ အကြာကြီး ပရိသတ်တွေက သူတို့အားပေးတဲ့ သရုပ်ဆောင်တွေကို မျှော်လင့်ရင်း ဒီဇာတ်လမ်းတွဲတွေကို စောင့်မျှော်နေကြရတာပါ။ soompi ကနေ ဖော်ပြထားခဲ့တဲ့ အောက်တိုဘာလမှာ ထွက်ရှိမယ့် ဇာတ်လမ်းတွဲတွေကတော့….
၁။ My Dangerous Wife
The World of the Married ဇာတ်လမ်းလိုပဲ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်ချေ ရှိတဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး အရှုပ်အရှင်း ဇာတ်လမ်းဆိုပေမယ့် မှုခင်းဆန်ဆန် ဖြစ်ရပ်တွေကိုပါ ကြည့်ရမှာမို့ Drama နဲ့ မှုခင်းကားတွေကို နှစ်သက်တဲ့ ပရိသတ်တွေ ကြည့်သင့်တဲ့ ကားတစ်ကား ပါပဲ။ အောက်တိုဘာ ၅ ရက်နေ့မှာ စတင်ထုတ်လွှင့်နေပါတယ်။
View this post on Instagram
၂။ Tale of the Nine-Tailed
အောက်တိုဘာ ၇ ရက်နေ့မှာ စတင် ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Kim Bum ပါဝင်ထားတာကြောင့် သူ့ရဲ့ ပရိသတ်တွေက အရမ်း မျှော်လင့်နေသလို Lee Dong Wook ရဲ့ ပရိသတ်တွေကလည်း စောင့်စားနေတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ လူတွေကြားထဲမှာ နေကြတဲ့ ဝံပုလွေလူသားတွေ အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြသမှာ ဖြစ်ပါတယ်။
View this post on Instagram
၃။ Start-Up
Suzy နဲ့ Nam Joo Hyuk တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ အိပ်မက်တွေကို အကောင်အထည်ဖော်နေကြတာမျိုးကို ရိုက်ကူးထားတာပါ။ Suzy ကတော့ ကိုရီးယားရဲ့ Steve Jobs ဖြစ်ချင်တဲ့ ကောင်မလေး ဖြစ်ပြီး Nam Joo Hyuk ကတော့ နည်းပညာကုမ္ပဏီတစ်ခု တည်ထောင်ထားသူ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးသမားတွေ ဖြစ်ဖို့ ကြိုးစားနေတာကို စိတ်ဝင်စားဖွယ် ကြည့်ရမယ့် ကားတစ်ကားပါ။ အောက်တိုဘာ ၁၇ ရက်နေ့မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
View this post on Instagram
၎။ The Spies Who Loved Me
Yoo In Na ကတော့ ဒီဇာတ်လမ်းမှာ နှစ်ခါ လက်ထပ်ထားဖူးတဲ့ Wedding dress designer တစ်ဦး ဖြစ်ပါတယ်။ သူမ လက်ထပ်မိတဲ့သူတွေကတော့ Spy တွေ ဖြစ်နေပြီး လျှို့ဝှက်ချက် ကိုယ်စီ ရှိနေကြပါတယ်။ ဒီဇာတ်လမ်းကို ဟာသဆန်ဆန် ကြည့်ရမှာ ဖြစ်ပြီး ပရိသတ်တွေကို ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး အကြိုက်တွေ့စေအုံးမယ့် ဇာတ်လမ်းတွဲလို့ မျှော်လင့် ရပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့မှာ ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။
View this post on Instagram
၅။ Do Do Sol Sol La La Sol
အချစ်ဟာသဇာတ်လမ်းလေး ဖြစ်ပြီး အနုပညာကို နောက်ခံထားပြီး ရိုက်ကူးထားကြတာပါ။ စန္ဒရားပညာရှင်နဲ့ အချိန်ပိုင်း အလုပ်သမားလေးတို့က La La Land လို့ အမည်ရတဲ့ Piano Academy မှာ တွေ့ဆုံကြပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ရိုက်ကူးထားပြီး အောက်တိုဘာ ၇ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။
View this post on Instagram
Kham