ရယ်လိုက်ရင် ချိုင့်ဝင်သွားတဲ့ ပါးချိုင့်လေးတွေနဲ့ ကြွေလောက်စရာ အပြုံးတွေ ပြုံးပြတတ်တဲ့ ကိုရီးယား အမျိုးသားဆယ်လီတွေရှိပါတယ်။ ဒီအတိုင်းနေတာတောင်မှ ချောမောနေတဲ့ သူတို့အတွက် ပါးချိုင့်ခွက်ခွက်လေးတွေကြောင့် ပိုတိုးပြီး ကြွေချင်စရာ ဖြစ်နေကြသူတွေကတော့….

(1)Kim Bum

F4 ဇာတ်ကားထဲက မင်းသားချောလေး Kim Bum  ရဲ့ ပြုံးရယ်လိုက်တိုင်းမှာ သိသိသာသာကို ပေါ်သွားတဲ့ ပါးချိုင့်လေးကို သတိထားမိကြမှာပါ။ မြင်ရသူကို တခါတည်းကြွေစေလောက်တဲ့ အပြုံးပိုင်ရှင်ပါ။

(2)Lee Min Ho 

လီမင်ဟိုရဲ့ ပါးချိုင့်ကတော့ အရမ်းကြီး မသိသာပေမယ့် တစ်ချက်တစ်ချက် သူရယ်လိုက်တဲ့အခါတွေတိုင်းမှာတော့ ပေါ်လာ တတ်ပါတယ်။

3. Lee Sang Yoon

မင်းသား Lee Sang Yoon ရဲ့ ပါးချိုင့်လေးတွေကတော့ သူ့ရဲ့ မျက်နှာကို ပိုပြီး sweet ဖြစ်အောင် အထောက်အကူပြုပေးနေတာကို တွေ့ရမှာပါ။

4.Siwon (Super Junior)

ချစ်စရာ ပါးချိုင့်လေးနဲ့ အပြုံးကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ နာမည်ကြီးသူပါ။

5.Lay (EXO-M)

မိန်းကလေး fan တွေကို ကြွေဆင်းစေတဲ့ အရာတွေထဲမှာ သူ့ပါးက ပါးချိုင့်လေးတွေကလည်း တစ်ခါအပါအ၀င်ပါ။

6. T.O.P

အရမ်းကြီးတော့ မသိသာပေမယ့် T.O.P ရဲ့ fans ဆိုရင်တော့ သူ့ပါးပေါ်က ပါးချိုင့်လေးကို သိကြမှာပါ။

7. Park YooChun

မျက်နှာမှာ ပါးချိုင့်လေးပါတဲ့ အဆိုတော် မင်းသားလေးပါ။

8.Hyun Bin

Hyun Bin ကို မိန်းကလေးပရိသတ်တွေကြွေကြတဲ့ အထဲမှာ သူ့ရဲ့ အပြုံးလေးတွေကလည်း တစ်ခုအပါအ၀င်ပါ။

9.Park Min Woo

ပါးနှစ်ဖက်လုံးမှာကို ပါးချိုင့်လေးတွေပါတဲ့ မင်းသားချောလေးပါ။

10. Joo Won

မင်းသား Joo Won ကလည်း ချစ်စရာကောင်းတဲ့ ပါးချိုင့်ပိုင်ရှင်ပါ။

11.Lee Seung-gi

ပါးချိုင့်ပါတဲ့ မင်းသားချောတွေထဲမှာလည်း Lee Seung-gi လည်းတစ်ယောက်အပါအ၀င်ပါ။

12.Kim Jong-kook

မသိသာပေမယ့် သတိထားကြီးရင်တော့ running man ရဲ့ စွမ်းအားရှင်လူစွမ်းကောင်းကြီးမှာ လည်း ပါးချိုင့်လေးရှိပါတယ်။

13.Lee Seo-jin 

ပါးချိုင့်အကြီးကြီးကို ပိုင်ဆိုင်ထားပြီး ဒီပါးချိုင့်ဟာ Lee Seo-jin  ရဲ့ ထူးခြားချက်တစ်ခုပါ။

14.Kim Myung-soo 

ပါးချိုင့်ပါတဲ့ အဆိုတော်လေးပါ။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။