ကိုရီးယားကျောင်းသားတွေဟာ အသက်၁၉နှစ်အရွယ်မှာ အထက်တန်းကျောင်းပြီးပါတယ်။ ဒါကြောင့် အထက်တန်းကျောင်းသားနေရာက ပါဝင်သရုပ်ဆောင်တဲ့ K-Drama သရုပ်ဆောင်တွေကိုလည်း ဆယ်ကျော်သက်တွေလို့မှတ်ယူစရာပါ။ ဒါပေမဲ့လည်း အောက်မှာဖော်ပြထားတဲ့ သရုပ်ဆောင်တွေကတော့ ၂၀ကျော် ၃၀တန်းရောက်နေတာတောင် ဆယ်ကျော်သက်အထက်တန်းကျောင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားကြတာကို koreaboo အရ ဖော်ပြပေးလိုက်ပါတယ်
Hwang In Yeop
View this post on Instagram
JTBC ရဲ့ 18 Again နဲ့ပေါ်ပြူလာဖြစ်ခဲ့တဲ့ Hwang In Yeop ဟာ လက်ရှိမှာ အသက် ၃၁နှစ်ရှိပြီဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ သူဟာ tvN ရဲ့ True Beauty မှာ အထက်တန်းကျောင်းသား Han Seo-Jun အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ True Beauty စလွှင့်တော့ Hwang က အသက်၃၀ ရှိနေပါပြီ။
So Joo Yeon
View this post on Instagram
Dr.Romantic 2 ရဲ့ So Joo Yeon ကတော့ အသက် ၂၉နှစ်ရှိပါပြီ။ သူမဟာ Kakao M ရဲ့ A Love So Beautiful ထဲမှာ အသက်၁၇နှစ်အရွယ်ကျောင်းသူ Sin Sol-Ee အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
Ryu Jun Yeol
View this post on Instagram
အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ Ryu Jun Yeol ဟာ The King and Money ဇာတ်ကားနဲ့ လူသိများခဲ့သူပါ။ ၂၀၁၅ ခုနှစ်တုန်းကလည်း သူဟာ tvN ရဲ့ Reply 1988 မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Ryu ဟာ အသက်၃၀ရှိပြီဖြစ်ပေမယ့် ဆယ်ကျော်သက် Kim Jung-Hwan နေရာကနေ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
Kim Jung Hyun
View this post on Instagram
tvN ရဲ့ Crash Landing On You ဇာတ်ကားထဲက ဇာတ်ကောင်ကြောင့် Kim Jung Hyun ကို လူပိုသိလာခဲ့ကြတာပါ။ လက်ရှိမှာ Kim Jung Hyun ဟာ အသက် ၃၀ရှိပါပြီ။ Kim ဟာ အသက်၂၈နှစ်အရွယ်တုန်းက KBS2 ရဲ့ School 2017 မှာ အထက်တန်းကျောင်းသား Hyun Tae-Woon အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Shin So Yul
View this post on Instagram
အသက် ၃၅နှစ်အရွယ် Shin So Yul ဟာ ဇာတ်ကားတွေနဲ့ Penny Pinchers, MBC ရဲ့ SF8 လို ဒရာမာကားတွေမှာ ပါဝင်ခဲ့ပါတယ်။ Shin ဟာ tvN ရဲ့ Reply 1997 မှာလည်း ဆယ်ကျော်သက်အထက်တန်းကျောင်းသူ Mo Yoo-Jung အဖြစ်ပါဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ Shin ဟာ အသက် ၂၈နှစ်ရှိနေပါပြီ။
CeleNow