ဒီဇင်ဘာလ ၃ရက်နေ့မှာ KBS မှာပြသတဲ့ Rain ရဲ့ စီးရီးပရိုမိုးရှင်းပွဲမှာ  JYP အနုပညာအေဂျင်စီရဲ့ ပိုင်ရှင် Park Jin Youngလည်းပါဝင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ Park Jin Youngဟာ သူ Rain ကို ပထမဆုံးတွေ့တဲ့ အချိန်တုန်းက အကြောင်းကို ပြန်ပြီးပြောပြခဲ့ပါတယ်။ JYP မှာ သင်တန်းသားဖြစ်ဖို့ အတွက် အသံစစ်ဆေးဖို့ လာတုန်းက Rain ရဲ့မျက်နာ အမူအရာ၊ ကြိုးစားမှု၊ သူ့ရဲ့ ပုံစံကို တစ်ခုမကျန် မှတ်မိတယ်လို့ Park Jin Youngကပြောပြခဲ့ပါတယ်။ Rain ရဲ့ အရောင်တောက်နေတဲ့ မျက်လုံးနဲ့ ကြိုးစားမှု၊စွမ်းရည်တွေက သူ့ကို အထင်ကြီးစေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Rain ဟာ အခုလိုကျော်ကြားတဲ့ အဆိုတော် တစ်ဦး မဖြစ်ခင်မှာ လူသိပ်မသိတဲ့ Fanclub လို့ခေါ်တဲ့ အဖွဲ့ တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ JYP မှာ အသံစစ်ဆေးဖို့မလာခင်အထိ အသံစစ်ဆေးမှုပေါင်း ၁၉ ခုကျရှုံးခဲ့တယ်လို့ Park Jin Youngကပြောပြခဲ့ပါတယ်။

Park Jin Youngက Rain ငယ်ငယ်တုန်းက ပုံစံဟာ ခြင်္သေ့ငယ်လေးတစ်ကောင်လိုပဲ သူ့မျက်လုံးထဲမှာ မခံချင်စိတ်တွေ၊အလိုမကျမှုတွေ၊ ဆာလောင်မှုတွေနဲ့ ပြည့်နှက်နေတယ်။ သေချင်းတရားရဲ့ အစွန်းတစ်ဖက်မှာ ရပ်နေရတဲ့ ခြင်္သေ့ငယ်လေးလိုပဲလို့ပြောပြခဲ့ပါတယ်။ “သူက မခံချင်စိတ်ရှိတယ်။ အရွဲ့တိုက်တတ်တယ်။ပြီးတော့ အရမ်းအရည်အချင်းရှိတယ်။သူ့လို လူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ကူညီပေးချင်ခဲ့တယ်။”လို့ပြောခဲ့ပါတယ်။

ဒါပေမဲ့ Rain ရဲ့ကမ္ဘာကျော်တဲ့ အောင်မြင်မှုတွေဟာ သူ့ကြောင့် မဟုတ်ပဲ Rain ရဲ့ကြိုးစားမှုကြောင့်သာ ဖြစ်တယ်လို့ Park Jin Youngကပြောပြခဲ့ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။