ကိုရီးယားရဲ့ အချောအလှလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Girl group တစ်ခုဖြစ်တဲ့ Miss A အဖွဲ့ကို ဖျက်သိမ်းလိုက်ပါပြီ။ ဒီအကြောင်းကို JYP ကနေ တရားဝင်ကြေညာလိုက်တဲ့အချိန်မှာတော့ fan တွေ အားလုံးလည်း တုန်လှုပ်အံ့သြသွားခဲ့ပါတယ်။

အဖွဲ့ဝင်တွေဖြစ်တဲ့ Jia နဲ့  Min တို့ကတော့ JYP ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ JYP Entertainment ကတော့ ဒီအကြောင်းကို ကြေညာရာမှာ” ကျွန်တော်တို့ရဲ့ Girl Group Miss A က ဖျက်သိမ်းလိုက်ပါပြီ” လို့ ကြေညာခဲ့တာပါ။အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Fei ကတော့ (၂၀၁၆) မေလတုန်းက JYP နဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုခဲ့ပါတယ်။ Suzy ကလည်း (၂၀၁၇) သြဂုတ်လတုန်းက စာချုပ်သစ်ထပ်မံချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သစ်တွေ ထပ်မံချုပ်ဆိုထားခဲ့တာကြောင့် အဖွဲ့ပြိုကွဲပြီဆိုတဲ့ သတင်းထွက်ပေါ်လာတော့ အားလုံးက မယုံနိုင်ဖြစ်ခဲ့ကြတာပါ။

Miss A ဆိုတဲ့ အဖွဲ့ကိုတော့  JYP Entertainment  ကနေ (၂၀၁၀)တုန်းက ဖွဲ့စည်းခဲ့တာပါ။ Suzy ၊ Fei ၊ Jia နဲ့  Min ဆိုပြီး အဖွဲ့ဝင်(၄)ယောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် Jia နဲ့ Min တို့က (၂၀၁၆) မေနဲ့ (၂၀၁၇) နိုဝင်ဘာတုန်းက အဖွဲ့ထဲကနေ အသီးသီး ထွက်ခွာသွားခဲ့တာပါ။ (၂၀၁၇) ဒီဇင်ဘာ (၂၇)မှာတော့ အဖွဲ့ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

FROM ALLKPOP