Jung Hae In ဟာဆိုရင် ” While You Were Sleeping” ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ Suzy၊ Lee Jong Suk တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ Jung Hae In ဟာ သူနဲ့ Lee Jong Suk တို့ဟာ အရမ်းကိုရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ “ကျွန်တော်တို့ နှစ်ယောက်ဟာ အတူတူအရက်သောက်ဖို့ချိန်းပြီးတော့ စတိုးဆိုင်မှာ ဘီယာလည်း အတူတူသောက်ဖူးပါတယ်။ ရုပ်ရှင်ရိုက်ပြီးနောက်မှာလည်း အတူတူခရီးထွက်ခဲ့ကြပါတယ်။ မန်နေဂျာမပါဘဲနဲ့သွားတဲ့ ပထမဆုံးခရီးဖြစ်လို့ ကျွန်တော့်အတွက်တော့ အရမ်းကို အမှတ်ရစရာကောင်းတဲ့ ခရီးပါပဲ”လို့ Jung Hae In က ပြောခဲ့ပါတယ်။

Suzy အကြောင်းကိုမေးတဲ့အခါမှာတော့ Suzy ဟာ လူရောစိတ်ရောလှတဲ့ မိန်းကလေးဖြစ်ပြီး Suzy နဲ့အတူ သရုပ်ဆောင်ရတာ အရမ်းကို အဆင်ပြေပါတယ်လို့ Jung Hae Inက ပြောခဲ့ပါတယ်။ “ကျွန်တော်က သူ့ကိုကြိုက်နေတဲ့ နေရာကနေ သရုပ်ဆောင်ရတာပါ။ Suzy က လူတွေကို ပျော်ရွှင်အောင်လုပ်ပေးတတ်တဲ့သူမျိုးပါ။ သူ ကူညီပေးလို့ သရုပ်ဆောင်ရတာ ပိုပြီးတော့လွယ်ကူခဲ့တယ်” လို့လည်း Jung Hae In က ပြောခဲ့ပါတယ်။

Source: Soompi

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။