Jun So Min က တော့ သူမရဲ့ အနုပညာဘ၀၊အိမ်မက်နဲ့ တခြား အကြောင်းအရာတွေကို Esquire Korea နဲ့ အင်တာဗျူး မှာ ထုတ်ပြော လာခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။သူမက တော့ Esquire Korea ရဲ့ ဒီဇင်ဘာ လ ထုတ်မှာ ပါဝင် ထားတာပါ။စကားအရမ်း များတယ်ဆိုပြီး နာမည်ကြီး နေတာ နဲ့ ပတ်သက်ပြီး မေးတဲ့ အခါ မှာတော့..”ကျွန်မက စကားပြောရတာ ကြိုက်တယ်၊TV Show တွေမှာ ကြည့်တဲ့သူတွေကို ကျွန်မက ဖျော်ဖြေ ရတည်းက TV Show တွေ ရောက်ရင် ပုံမှန်ထက် ငါ ပို စကားပြောရ မယ်လို့ တွေးမိသွားတယ်..” လို့ ပြန် ဖြေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by 쏘미닝 (@jsomin86)

တကယ့်သူမရဲ့ အပြင် life က ပုံစံနဲ့ Variety Show တွေထဲက သူမရဲ့ ပုံစံ ကွာ ခြားချက်ကို မေးတဲ့ အခါမှာတော့..” သေချာ ပေါက် ကွာခြားတာ ပေါ့. အမှန်အတိုင်း ပြောရရင် variety show တွေထဲက က ကျွန်မ ရဲ့ တစ်စိတ် တစ်ပိုင်း ကို ပဲ ဖော်ပြ တာ။အရာအားလုံး မဟုတ်ဘူး..” လို့ ဖြေခဲ့ပါတယ်။ “You Can Call Me After a Drink.” ဆိုတဲ့ စာအုပ်ကို ဖတ် ပြီး တဲ့ အကြောင်း နဲ့ သူမရဲ့ စာရေး ဆရာမ ဘ၀ အကြောင်းကိုမေးတော့. ရယ်ပြီး ကျေးဇူးတင် ကြောင်း ပြောခဲ့ကာ၊သူမ ကို စာရေး ဆရာ မ လို့ သုံးနှုန်း ရမှာ အရမ်းရှက် ပါတယ်..” လို့ ပြောခဲ့ပါတယ်။

“Running Man” ထဲက Jun So Min ပုံစံနဲ့ စာအုပ်ရေးတဲ့ Jun So Min ပုံစံက လူတွေရဲ့ အမြင်မှာ ကွာခြား နေတာ နဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာတော့..”ကျွန်မရဲ့ ရည်မှန်းချက်ကိုက လူတွေကို ကျွန်မ ရဲ့ မတူ တဲ့ ပုံစံ အမျိုးမျိုးကို တက်နိုင် သမျှ ချ ပြ ချင်တာပဲ.အသစ်သစ် တွေကို ကျွန်မ ကြိုးစားနေတယ်..” လို့ ပြောခဲ့ပါတယ်။ Jun So Min ကိုေ တာ့ “The Sixth Sense” ရဲ့ PD ဖြစ်သူ Jung Chul Min က Show အတွက် လူရွေးတဲ့ အခါမှာ ဆိုးမင်ကို နံပါတ်တစ် နေရာ မှာ ထားပြီး ရွေးချယ်ခဲ့တဲ့ အကြောင်းကို ပြောပြတဲ့ အခါမှာတော့ သူမက .” တကယ်လား..အရမ်း ပျော်တာပဲ.ကျွန်မ Running Man ကို စ ရောက် တော့ .သူက အဓိက PD လေ.ဒါ ကြောင့် သူက ကျွန်မကို ပိုပြီး ဂရုစိုက်တယ် ထင် နေတာ..” လို့ ပြောခဲ့ပါတယ်။

“The Sixth Sense” ရိုက်ကူးရေး အတွေ့ အကြုံ ကို မေးတဲ့ အခါမှာတော့.”အပိုင်း ၈ ပိုင်းလောက် နဲ့ တစ်ယောက် နဲ့ တစ်ယောက် ရင်းနှီးသွားဖို့ က အမှန်အတိုင်း ပြောရရင် မလွယ်ပါဘူး။ဒါပေမယ့် ကျွန်မတို့က တော့ ရင်းနှီးသွား ကြတယ် ။ကျွန်မမှာ မောင်လေး တစ်ယောက် တည်းပဲ ရှိတယ်။ညီအစ်မ တွေ မရှိ တော့ ‘The Sixth Sense.’ မှာ ကျွန်မ အတွက် ညီမ တွေ ၊အစ်မ တွေ ရလိုက်သလို ခံစားရတယ်..” လို့ ပြောခဲ့ပါတယ်။variety show တွေမှာ ရယ်ရ အောင် ကြိုးစား နေတာ လား လို့ မေးတဲ့ အခါမှာတော့..” ကျွန်မကို ကျွန်မ variety show တွေ အတွက် Talent ရှိတယ် လို့ တခါမှ မတွေးဖူးဘူး။ဒါ ကြောင့် သူများထက် ပိုပြီး အားထုတ်ရမယ် လို့ ကျွန်မ ကိုယ်ကျွန်မ ထင်တယ်. အမြဲ တမ်း ပို ကောင်း အောင် လုပ်ချင်တာပါ..” လို့ ပြောခဲ့ပါတယ်။နာမည်မကြီးခင်တုန်းက လုပ်ခဲ့တဲ့ အလုပ်ကို မေးတဲ့ အခါမှာတော့..”

ပထမဆုံးက ကျွန်မ မင်္ဂလာ ခန်းမ တစ်ခုမှာ Part- Time အလုပ် လုပ်တယ်။ဒီအလုပ်က ဓါတ်ပုံတွေ ဗီဒီယို တွေ ရိုက်တာ ကို ရှောင်လို့ မရဘူး။နောက်ပိုင်း မင်းသမီး ဖြစ်လာရင် ပုံ တွေ ဗီဒီယို တွေ ပြန့် သွားရင် ရှက်သွားမလား ဆိုတဲ့ အတွေး ၀င် မိ တော့ အလုပ် က နေ ထွက်လိုက်တယ်။တစ်နေ့တည်း လုပ်ရတဲ့ လက်ကမ်းစာစောင် ဝေတဲ့ အလုပ် တွေကို လုပ် တယ်၊အားတဲ့ အချိန် တွေ ကျရင် လူရွေးပွဲဝင်တယ်၊ရိုက်ကူးရေးလုပ်တယ်.။ပြီးတော့ ကျွန်မ ကော်ဖီဆိုင်မှာ အလုပ်လုပ် တယ်.ကျွန်မ ပျက်တဲ့ အခါမျိုးတွေ ကျ ရင်သူဌေးက ကျွန်မကို နားလည် ပေးတော့ အဲ့မှာ တစ်နှစ်လောက် လုပ်ခဲ့သေး တယ်။

သရုပ်ဆောင် အလုပ်ကိုေ တာ့ စိတ်ပင်ပန်း လို့ မလုပ်တော့ဘူး ဆိုပြီး စွန့်လွှတ်ဖို့ အထိ ကြံ ခဲ့ဖူး ကြောင်း၊သူမ သရုပ်ဆောင် ကြည့်ချင်တဲ့ ဇာတ်ကောင် က တော့ .အခွင့်အရေး ရမယ်ဆိုရင် အချစ်ဟာသ ဇာတ်ကားမျိုး တွေ ရိုက်ချင် တယ်လို့ ပြောခဲ့ပါတယ်။ကျွန်မ အသက်က ၃၀ ကို တစ်ဝက် ကျိုး(၃၄) ဖြစ် နေပေမယ့်လည်း ဒီလို ဇာတ်ကောင် မျိုး သရုပ်ဆောင် ချင် တုန်းပဲ လို့ ဖြေခဲ့ပါတယ်။
သူမရဲ့ လက်ရှိ အိမ်မက်ကို မေးတဲ့ အခါ မှာတော့.” အိမ်မက် ဆိုတာ ဝေးလွန်းပြီး ကြီးမားလွန်းကြောင်း၊သူမက တော့ လက်ရှိ မှာ ပရောဂျက်တွေမှာ ကောင်းကောင်း သရုပ်ဆောင်ချင်တယ်။ဒါက တော့ သူမရဲ့ အိမ်မက် အသေးလေးပါ။အိမ်မက် ကြီးဆိုရင်တော့ မင်းသမီး ကောင်း၊သူငယ်ချင်းကောင်း၊လူကောင်း တစ်ယောက် ဖြစ်ချင် တယ်၊ အနုပညာလောကမှာလည်း စီနီယာ ကောင်း တစ်ယောက် ဖြစ်ချင်တယ်လို့ ဖြေခဲ့ပါတယ်။

#CELENOW