tvNကနေ ထုတ်လွှင့်ပြသမယ့် “Cross” ကိုရီယားဒရမ်မာမှာ Jun So Minက အဓိကမင်းသမီး သရုပ်ဆောင်နေရာကနေပါဝင်ပြီးတော့ မင်းသား Go Kyung Pyoနဲ့အတူတွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သူတို့နှစ်ယောက်ဟာ တွေ့တဲ့အချိန်တိုင်းရန်ဖြစ်ကြတဲ့သူနှစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာဆိုရင်တော့ Go Kyung Pyoဟာ  လက်စားချေဖို့အတွက် ဆရာတစ်ယောက်ဖြစ်လာခဲ့ပေမဲ့ ရန်သူကို ပြန်ကယ်ရတဲ့ အဖြစ်ကို ကြုံရတဲ့ ဆရာဝန် Kang In Gyu နေရာကနေ သရုပ်ဆောင်မှာဖြစ်ပြီး Jun So Minကတော့ ဆေးရုံမှာ အလုပ်သင်အဖြစ် အလုပ်ဝင်နေတဲ့  အရမ်းကို သွက်လက်ချစ်စရာကောင်းပြီး ဖလန်းဖလန်းထတဲ့ Go Ji Inဆိုတဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

“Cross”ရဲ့ ထုတ်လုပ်ရေးအဖွဲ့ဝင်တွေကတော့ Jun So Minရဲ့ သွက်လက်ပြီးပျော်ရွှင်တက်တဲ့အကျင့်တွေကို ဒရမ်မာတွေသာမက variety showတွေမှာလည်းမြင်တွေ့ခဲ့ရပြီးပြီဖြစ်လို့ ဒီဇာတ်ကားမှာလည်း Jun So Minဟာ  အသက်ဝင်ဝင်နဲ့ Go Ji In ရဲ့ နေရာမှာ သရုပ်ဆောင်သွားနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ပြောခဲ့ပါတယ်။

Source: Soompi

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။