မင်းသမီးချော Jun Jihyun တစ်ယောက် ခင်ပွန်းဖြစ်သူ Choi Joonhyuk နဲ့အတူ ဟောင်ကောင်ကို ရောက်နေတဲ့ ပုံရိပ်တွေထွက်ပေါ်လာခဲ့ပါတယ်။ ထိုင်ဝမ် မီဒီယာ ET ကနေ ဒီအကြောင်းကို ဖော်ပြခဲ့တာပါ။ Jun Jihyun ဟာ ဒုတိယရင်သွေးလေးကို လွယ်ထားရပြီး ကိုယ်ဝန်ကတော့ (၈) လရှိနေပါပြီ။

Jun Jihyun ဟာ ခင်ပွန်းဖြစ်သူနဲ့ အတူ ဟောင်ကောင်က ဆိုင်တစ်ဆိုင်ကို အတူလာရောက်ခဲ့တာပါ။ Jun Jihyun ကတော့  training suit ကို ၀တ်ဆင်ထားပြီး Mask၊ ဦးထုပ် ဘာမှာတပ်ထား၊ ဆောင်းထားတာမျိုး မရှိတာကိုလည်း တွေ့ရပါတယ်။ ဘာမိတ်ကပ်မှလည်းလိမ်းမထားဘဲ လူထူထပ်နေတဲ့ နေရာမှာ တခြားသာမန်လူတွေလိုပဲ နေနေခဲ့တာကို တွေ့ရပါတယ်။ မျက်နှာမှာ ဘာမှလိမ်းမထားတာတောင်မှပဲ အားလုံးထဲမှာ ထင်ရှားနေလို့ အားလုံးအတွက် သတိပြုမိစရာ ဖြစ်ခဲ့ပါတယ်။

Jun Jihyun ကတော့ ဒုတိယမြောက်ရင်သွေးလေးကို (၂၀၁၈) ဇန်န၀ါရီမှာ မွေးဖွားမယ်လို့ ခန့်မှန်းရပါတယ်။ Jun Ji Hyun ဟာ (၂၀၁၂)ခုနှစ် ဧပြီ(၁၃)ရက်နေ့က လက်ထပ်ခဲ့တာပါ။ ပထမဆုံးကလေးကိုတော့ (၂၀၁၆) ဖေဖော်ဝါရီက မွေးဖွားခဲ့တာဖြစ်ကြောင်း kstarlive မှာ ဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။