Legend of the Blue Sea ဇာတ်ကားထဲက ရေသူမလေး Jun Ji Hyun ကတော့ သူမရဲ့ ဒုတိယမြောက် ရင်သွေး လေးကို မကြာခင်မှာ မွေးဖွားတော့မှာပါ။ အခုဆိုရင်တော့ သူမရဲ့ကိုယ်ဝန်ကလည်း လရင့်နေပါပြီ။ ဒုတိယရင်သွေးလေးရပြီဆိုတည်းက သူမရဲ့ အနုပညာအလုပ်တွေကိုပါ ခဏနားပြီး ရင်သွေးလေးကိုပဲ ဂရုစိုက်နေခဲ့တာပါ။

ဒီဇင်ဘာအစောပိုင်းတုန်းကတော့ ခင်ပွန်းဖြစ်သူ Choi Joon Hyuk နဲ့အတူ ဟောင်ကောင်မှာ ဈေးဝယ်ထွက်နေတဲ့ပုံတွေ ထွက်လာခဲ့ပါသေးတယ်။ မင်းသမီးတစ်ယောက်လို မဟုတ်ဘဲ သာမန်လူတစ်ယောက်ကို ပုံမှန်ဝတ်စားပြီး မျက်နှာပြောင်နဲ့ ဈေးဝယ်ထွက်ခဲ့တာပါ။ ဒါပေမယ့် မပြင်ထားလည်း လှနေတဲ့ Jun Ji Hyun ကို ပရိသတ်တစ်ချို့ကတော့ သတိထားမိခဲ့ပါတယ်။

သူမရဲ့ အေဂျင်စီဖြစ်တဲ့ Culture Depot ကနေ ဒီဇင်ဘာ(၂၈)မှာတော့ Jun Ji Hyun ရဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ထုတ်ပြောခဲ့ပါတယ်။ “သူမရဲ့ကိုယ်ဝန်ဟာ အခုဆိုရင် (၃၆)ပတ်ရှိနေပါပြီ … ရင်သွေးလေးကိုတော့ ဇန်န၀ါရီနှောင်းပိုင်းလောက်မှာ မွေးမယ်လို့ ခန့်မှန်းရပါတယ် … ဒုတိယရင်သွေးလေးကလည်း ယောက်ျားလေးပါပဲ” ဆိုပြီးပြောခဲ့တာပါ။ သူမရဲ့ ကျန်းမာရေးအခြေအနေကောင်းပြီး  မီးဖွားမယ့်ရက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောခဲ့ပါတယ်။

Jun Ji Hyun ဟာ စီးပွားရေးလုပ်ငန်းရှင် Choi Jun Hyuk နဲ့ (၂၀၁၂)က လက်ထပ်ခဲ့တာပါ။ သူမဟာ ချမ်းသာကြွယ်ဝတဲ့ ခင်ပွန်းသည်ကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီမင်းသမီးတွေထဲတစ်ယောက်ပါ။ ပထမဆုံးရင်သွေးသားဦးလေးကိုတော့ (၂၀၁၆) ဖေဖော်ဝါရီမှာ မွေးခဲ့တာပါ။ ဒုတိယရင်သွေးရှိကြောင်းကိုတော့ (၂၀၁၇) ဇွန်လက ပရိသတ်တွေကို အသိပေးခဲ့တာပါ။ ဒုတိယရင်သွေးလေးကလည်း ယောက်ျားလေးဖြစ်တာကြောင့် မကြာခင်မှာတော့ သား(၂)ယောက်မေမေဖြစ်တော့မှာပါ။

source  soompi