TVN မှာ မကြာခင်ပြသတော့မယ့် “Mount Jiri” ဇာတ်ကားရဲ့ ရိုက်ကွင်းပုံရိပ်တစ်ချို့ကတော့ ထွက်ပေါ်လာခဲ့ပါပြီ ။ ဒီဇာတ်ကားမှာတော့ နာမည်ကြီး မင်းသား ၊ မင်းသမီးတွေဖြစ်တဲ့ Jun Ji Hyun နဲ့ Joo Ji Hoon တို့ကပါဝင်သွားမှာပါ။ ပုံတွေကတော့ Jun Ji Hyun နဲ့ Joo Ji Hoon တို့ရဲ့ ပုံကို သဲလွန်စပေးတဲ့ပုံစံ ၀ါးတားတားလေးပြထားတာပါ။ ဒီအကြောင်းကိုတော့ soompi မှာဖော်ပြထားပါတယ်။
“Mount Jiri” ဇာတ်ကားကတော့ ထူးခြားဆန်းကြယ်ပြီး လှို့ဝှက်လွန်းတဲ့ Jiri တောင်ပေါ်ကိုတက်ကြတဲ့ သူတွေနဲ့ သူတို့ကိုကယ်ဆယ်ဖို့ကြိုးစားတဲ့ တော်ထိန်းအဖွဲ့တွေရဲ့အကြောင်းကို ရိုက်ကူးသွားမှာပါ။ မင်းသမီး Jun Ji Hyun ကတော့ ဇာတ်ကောင် Seo Yi Kang နေရာက ပါဝင်သွားမှာဖြစ်ပြီး သူကတော့ ထိပ်တန်းတောထိန်းတစ်ယောက်အဖြစ်သရုပ်ဆောင်သွားမှာပါ။
View this post on Instagram
The stills for #MountJiri is out now!! Can’t wait for Jun ji hyun and Ju ji hoon’s tandem 💓
မင်းသား Joo Ji Hoon ကတော့ တောထိန်းသင်တန်းပြီးကာသ သူတစ်ယောက်အဖြစ်ပါဝင်ထားပြီး Seo Yi Kang ရဲ့လုပ်ဖော်ကိုင်ဖက် ပါတနာအဖြစ်ပါဝင်သွားမှာပါ။ ရိုက်ကူးရေးတွေကိုတော့ October 29 မှာစတင်ရိုက်ကူးခဲ့တာပါ။ ရိုက်ကူးရေး အစမှာပဲ ဒါရိုက်တာက “ ဒီလိုအရမ်းတော်တဲ့ သရုပ်ဆောင်တွေ ၊ ရိုက်ကူးရေးဝန်ထမ်းတွေနဲ့ အလုပ်လုပ်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ အလုပ်ကိုလည်း ဒီ့ထက်ကြိုးစားသွားမှဖြစ်ပြီး ရိုက်ကူးရာမှာ အန္တရာယ်လည်းမဖြစ်စေပဲ လုံလုံခြုံခြုံ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးသွားမယ်” လို့မှတ်ချက်ပေးခဲ့ပါသေးတယ်။

ဒီဇာတ်ကားကတော့ နာမည်ကြီးစာရေးဆရာမ Kim Eun Hee ရဲ့လက်ရာပါ။ သူမကတော့ “Sign,” “Ghost,” “Three Days,” “Signal,” “Kingdom” ဆိုတဲ့ ဇာတ်ကားတွေကို ရေးတဲ့ ဇာတ်ညွှန်း ဆရာမပါ။ “Dream High” series, “School 2013,” “Descendants of the Sun,” “Goblin,” “Mr. Sunshine.” တို့ ကို ရိုက်တဲ့ ဒါရိုက်တာ Lee Eung Bok က ရိုက်မှာဆိုတော့ လုံးဝပေါက်မယ့်ဇာတ်ကားဖြစ်မှာအသေအချာပါပဲ။
#CELENOW