၂၀၁၇ ဒီဇင်ဘာလ (၁၈)လူလောကထဲကနေ ထွက်ခွာသွားတဲ့ ကိုရီးယား Idol Jonghyun ကိုယ်တိုင် ရေးသားသီဆိုခဲ့တဲ့ သီချင်းကောင်းတွေထဲကမှ အကောင်းဆုံးသီချင်းငါးပုဒ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်….Jonghyun ကို ချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒီသီချင်းလေးတွေကို နားထောင်ရင် အလွမ်းပြေနိုင်ကြပါစေလို့….

(၁) 한숨 – Breathe

ဒီသီချင်းလေးနာမည်ကတော့ Breathe ဖြစ်ပြီး Jonghyun ကိုယ်တိုင်ရေးသားသီဆိုခဲ့ပြီး ပရိသတ်အားပေးမှုအများဆုံးရခဲ့တဲ့ သီချင်းလေးပါ….

(၂) 시간이 늦었어 – Beautiful Tonight

ဒီိသီချင်းလေးကတော့ Jonghyun ကိုယ်တိုင် ပထမဆုံးရေးစပ်သီဆိုခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်…

(၃) 엘리베이터 – Elevator

ကွယ်လွန်သွားပြီဖြစ်တဲ့ Jonghyun က ဒီသီချင်းလေးကို ရေးစပ်သီဆိုနေတုန်းမှာ ပထမဆုံးအကြိမ် သူကိုယ်တိုင်  မျက်ရည်ကျခဲ့ရတယ်လို့ ၀န်ခံခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်…

(၄) 하루의 끝 – End of a Day

“Story Op 1.” အယ်ဘမ်ထဲက Jonghyun ကိုယ်တိုင်ရေးဖွဲ့ထားတဲ့ သီချင်းလေးပါ…

(၅) 우울시계 – A Gloomy Clock (IU)

IU အတွက် Jonghyun ကိုယ်တိုယ်တိုင်ရေးစပ်ပေးခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်…