SHINee အဖွဲ့ဝင် Jonghyun တစ်ယောက် ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုက်တဲ့သတင်းဟာ ကိုရီးယားမီဒီယာတွေကြားမှာရော အာရှမီဒီယာတွေကြားမှာ အရမ်းကို ရေပန်းစားနေပါတယ်။ Jonghyun ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Dear Cloud အဖွဲ့ဝင် 9  ကနေ Jonghyun ရဲ့ နောက်ဆုံးစာကို ထုတ်ပြခဲ့ပါတယ်။ Jonghyun သေတမ်းစာထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ 9 ကနေလည်း မက်ဆေ့ခ်ျတစ်ခုကို Jonghyun ရဲ့ မိသားစုတွေဆီကနေ ခွင့်ပြုချက်ကိုယူပြီးတင်ခဲ့ပါ တယ်။ Jonghyun ရဲ့ ဆန္ဒက လည်း ဒါကို လူထုရှေ့ကို ချပြဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

Jonghyun ရဲ့ သူငယ်ချင်းဆီက မက်ဆေ့ခ်ျ ..

 

Jonghyun ကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ပါတယ်။ သူ့ရဲ့ အပြုံးတွေကို ရင်ခွဲရုံက သူ့ဓါတ်ပုံမှာပဲ တွေ့နိုင်တော့မယ်။ ဒါသာ အိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် Jonghyun က အနားရောက်လာပြီး ပြုံးပြနေသလိုမျိုးပဲ။ Jonghyun က သူ့ရဲ့ရင်ထဲက ခံစားနေရတာတွေကို ဝေမျှပေးခဲ့တယ်။ သူတကယ်လည်း အရမ်းကို ရုန်းကန်နေခဲ့ရတယ်။ Jonghyun အရမ်းခံစားနေရတယ်လို့ထင်လို့  လမ်းကြောင်းမှန်ရောက်အောင် လမ်းပြပေးဖို့ သူ့မိသားစုကို ဒီအကြောင်း အသိပေးခဲ့ပါသေးတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ဒါဟာ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို ရွှေ့ဆိုင်းရုံသက်သက်ပဲဖြစ်ခဲ့ပြီး ရပ်တန့်လို့ မရခဲ့ဘူး။ သူလူ့လောကကြီးမှာ ကျွန်တော်တို့နဲ့အတူ မရှိတော့ဘူးဆိုတော့ ခုထိ မယုံနိုင်သေးဘူး။ အရမ်းနာကျင်ရပါတယ်။ သူ့ရဲ့ နောက်ဆုံးသေတမ်းစာကို တင်သင့်၊ မတင်သင့် ကျွန်တော်လည်း ဝေခွဲမရပါဘူး။ ဒါပေမယ့် Jonghyun က သူ ဒီလောကနေထွက်သွားရင် သူ့ရဲ့ နောက်ဆုံးစကားတွေကို အားလုံးသိအောင်အောင်ပြောပြဖို့ တောင်းဆိုခဲ့ဖူးတယ်။ အဲ့ဒီလိုနေ့မျိုး တကယ်ရောက်မလာဖို့မျှော်လင့်ခဲ့ဖူးပါတယ်။

သူ့မိသားစုနဲ့ ဆွေးနွေးပြီးနောက်မှာတော့ သူ့ရဲ့ သေတမ်းစာကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက သူ ကျွန်တော်တို့ကို ထားသွားရတဲ့ အကြောင်းအရင်းပါ။ ဒါက အငြင်းပွားစရာတွေ ဖြစ်လာစေမယ်ဆိုတာ သိတယ်။ သူ့ရဲ့ မက်ဆေ့ခ်ျကို ကျွန်တော့်ဆီ ပို့ပေးခဲ့တယ်။ ဒါဟာ သူ့ရဲ့ နောက်ဆုံးဆန္ဒလေ။ ဒါကြောင့် သူတောင်းဆိုသလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်မျှော်လင့်တာက Jonghyun က တစ်ယောက်တည်း အထီးမကျန်ခဲ့ပါဘူး။ သူ အကောင်းဆုံး လုပ်ပေးခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးပြုပြီး သူ အကောင်းဆုံး လုပ်ခဲ့တယ်လို့ ပြောပေးကြပါ။ နာကျင်မှုတွေကို ဒီအချိန်ထိ ကြံ့ကြံ့ခံပေးသွားခဲ့လို့လည်း ကျေးဇူးတင်ပါတယ်။ Jonghyun ရေ အရမ်း ချစ်ပါတယ်။ ဆက်ပြီးတော့လည်း ချစ်သွားပါမယ်။ နာကျင်မနေတော့ဘဲ အေးဆေးအနားယူပါတော့ ချစ်တဲ့ Cloud’s 9…..” ဆိုပြီး တင်ထားပါတယ်။

စာရဲ့ နောက်ဆုံးပိုဒ်နားမှာတော့ အောင်မြင်ကျော်ကြားမှု ဆိုတာ သူ့ အတွက်တော့ အဓိပ္ပါယ် မရှိကြောင်း၊ ဒီအောင်မြင်ကျော်ကြားမှုဆိုတာကပဲ သူအခုခံစားနေရတဲ့ နာကျင်မှုတွေရဲ့တရားခံဖြစ်ကြောင်း၊ ဘာလို့ အောင်မြင်ရတာလဲ။ ဘာလို့ ဒီလိုဘ၀ကို ရွေးချယ်မိရတာလဲဆိုပြီး ကိုယ့်ကိုယ်ကို ပြစ်တင်ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။ အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ သူ့ကို ပြောပေးကြပါ။ အဆုံးသတ်မှာတော့ Goodbye ဆိုပြီး ပြောထားပါတယ်။ သူ့ရဲ့ နောက်ဆုံးစာမှာတော့ လူတွေ မမြင်ကြတဲ့ အောင်မြင်မှုနောက်ကွယ်က သူ့ရဲ့ အထီးကျန်ခံစားချက်တွေ၊မွန်းကျင်မှု တွေနဲ့ နာကျင်မှု တွေ အကြောင်းကို ရင်ဖွင့်ထားတာကို တွေ့ရပါတယ်။

from Koreaboo