မင်းသမီး Jo Yoon Hee ကတော့ သူမရဲ့ ကိုယ်ဝန်ဆောင် ဓါတ်ပုံကို Instagram မှာ နိုဝင်ဘာ (၁၃)ရက်နေ့က တင်လိုက်ပါတယ်။ ခင်ပွန်းဖြစ်သူ Lee Dong Gun နဲ့အတူ ဓါတ်ပုံတစ်ပုံကို အတူကြည့်ရင်းပြုံးပျော်နေတဲ့ ပုံလေးပါ။သူတို့ရင်သွေးလေးရဲ့ အာထရာဆောင်း ဓါတ်ပုံလို့ ယူဆရပါတယ်။ Jo Yoon Hee က လက်တစ်ဖက်က သူမရဲ့ ဗိုက်၊ ကျန်တစ်ဖက်က ခင်ပွန်းရဲ့ ပခုံးကိုဖက်ထားပါတယ်။

Lee Dong Gun နဲ့ Jo Yoon Hee တို့ဟာ KBS 2 TV ရဲ့ ဇာတ်လမ်းတွဲ “Laurel Tree Tailors” ကို အတူရိုက်ကြရင်း ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ မေလမှာတော့ လက်ထပ်ခဲ့ကြပါတယ်။ ဧည့်ခံပွဲကိုတော့ စက်တင်ဘာ(၂၉)မှာကျင်းပခဲ့ကြတာပါ။

Starship Entertainment ရဲ့ အပြောအရဆိုရင်တော့ ကလေးလေးကို ဒီနှစ်ကုန်ပိုင်း(သို့) လာမယ့်နှစ်အစပိုင်းလောက်မှာ မွေးဖွားမယ်လို့ ရပါတယ်။ ယောက်ျားလေးလား(သို့) မိန်းကလေးလား ဆိုတာကိုတော့ ဖွင့်မပြောသေးပဲ လျှို့ဝှက်ထားဦးမယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ soompi မှာဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။