အမျိုးသား အနုပညာရှင်တွေ က အမျိုးသမီးအ၀တ်အစားတွေကို ၀တ်စား၊ဒေါက်ဖိနပ်စီးပြီး ပွဲတက် တယ်ဆိုတာ မျိုးက အနောက်တိုင်းမှာတော့ မထူးဆန်းပေမယ့် အ ရှေ့တိုင်းနိုင်ငံ တွေ မှာ တော့ ဒါမျိုးက ထူးဆန်း နေကြတုန်းပါ။ Jo Kwon ဆိုတဲ့ တောင်ကိုရီးယား အဆိုတော် ကိုရီးယား အနုပညာလောက အတွက် အထူး အဆန်း ဖြစ်စေမယ့် အရာ တစ်ခု ကို လုပ်ခဲ့ပါတယ်။အဲ့ဒါက တော့ အနီရောင် ဒေါက်ဖိနပ်ကြီးကို စီးပြီး Red Carpet မှာလျှောက်လှမ်းလာခဲ့ပါတယ်။ဒီအကြောင်းကိုတော့ kstarlive မှာေ ဖ်ာပြထားပါတယ်။
View this post on Instagram
Jo Kwon က တော့ အဆိုတော်၊MC ၊မင်းသားတစ်ယောက် ဖြစ်သလို 2 AM ရဲ့ Leader တစ်ယောက်ပါ။အခုလိုမျိုး ဒေါက်ဖိနပ် စီးပြီး ပွဲတက် တဲ့ ပထမဆုံး ကိုရီးယား အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။ဇန်န၀ါရီ ၁၁ ရက်နေ့ တုန်းက ၅ ကြိမ် မြောက် Korea Musical Awards ပွဲကို တက်ခဲ့တာပါ။ Musical “Jamie” မှာ သူ့ဇာတ် ကောင် နာမည်က Jamie ဖြစ်ပြီး ပွဲမှာ Nomination စာရင်းဝင်ခဲ့ပါတယ်။
View this post on Instagram
Jo Kwon ရဲ့ ဖက်ရှင် အထူးသဖြင့် သူစီးလာတဲ့ ဒေါက်ဖိနပ် က တော့ မီဒီယာ တွေ ရဲ့ အာရုံကို အပြည့်အ ၀ ဖမ်းစားနိုင်ခဲ့ပါတယ်။စိန်တွေ လက်လက် ထ နေတဲ့ Mask ကို တပ် လာခဲ့ကာ တောင်ကိုရီးယားက အမျိုးသား တွေ မစီး ကြတဲ့ ဒေါက် အနီ ရောင်ကြီးကို စီးလာခဲ့ပါတယ်။ကင်မရာ ရှေ့ မှာ လည်း ယုံကြည်မှု အပြည့်နဲ့ သူ့ကိုယ်သူ အခုလို မိတ်ဆက်ခဲ့ပါတယ်။
View this post on Instagram
“ကော်ဇောနီထက်ကို ဒေါက်စီးပြီး လျှောက်လှမ်းဖို့ စိတ်ကူးယဉ် အိမ်မက် မက်ခဲ့ဖူးတယ်။အခုေ တာ့ ကျွန် တော့် အိမ် မက် တွေ တကယ် ဖြစ်လာပြီ။ဒီနေ့က တော့ Jamie အနေနဲ့ လာတာပါ။ဒီ Mask ကို ပါ ၀တ်ဆင်လာတာပါ..” ဆိုပြီး ပြောခဲ့ပါတယ်။
View this post on Instagram
ဒေါက် အနီကြီး ကြောင့် လက်ရှိမှာတော့ Jo Kwon က ရှာ ဖွေမှု အများဆုံး စာရင်းရဲ့ ထိပ် ဆုံးနေရာ ကနေ ရပ်တည် နေပါတယ်။ပရိသတ်တွေ က တော့ ..’ကော်ဇောနီ ထက်ကို ဒေါက် စီးလာရဲတယ်၊အရမ်းသတ္တိရှိတာပဲ၊ဒါက ကိုရီးယား ဖက်ရှင် လောကရဲ့ အပြောင်းအလဲ တစ်ခု ဖြစ်လာ လိမ့်မယ်၊ Jo Kwon ဖြစ် နေတာ ကြောင့် ဒီလို မျိုး ဒေါက် ကို စီးနိုင်တာ လို့ ထင်တယ်..” ဆိုပြီး အမျိုးမျိုး မှတ်ချက် ပေးခဲ့ကြပါတယ်။
#CELENOW