မကြာသေးခင်တုန်းက အမေရိကန်ဟာသသရုပ်ဆောင်တစ်ဦးဖြစ်သူ Jimmy Fallon ဟာ The Tonight Show Starring Jimmy Fallon ရက်သတ္တပတ်အတွက် BTS အဖွဲ့သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ BTS အဖွဲ့သားတွေဟာ သမိုင်းဝင် Grand Central Terminal မှာ ဖျော်ဖြေခဲ့ကြတာပဲ ဖြစ်ပါတယ်။ Jimmy Fallon ရဲ့talkshow အတွက် NYC Subway အင်တာဗျူးနဲ့ Grand Central Terminal က BTS performance အကြောင်းကိုတော့ အခုလိုတွေ့ရပါတယ်။

youtube/BANGTANTV

BTS အဖွဲ့ရဲ့နောက်ကွယ်မြင်ကွင်းတွေကိုတော့ အခုလိုတွေ့ရပါတယ်။ ဒီရှိုးဟာ BTS ရဲ့နောက်ဆုံးထွက်ရှိလာတဲ့ episode အပိုင်းသစ်ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ Jimmy Fallon ဟာ BTS အဖွဲ့သားတွေကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပြီး အဖွဲ့သားတစ်ယောက်ချင်းစီကို တင်းကြပ်စွာပွေ့ဖက်နှုတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ ARMY တွေအတွက်တော့ ကြည်နူးစရာကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲ။

 

View this post on Instagram

 

🥛 📱 🏓… 🧨🧨🧨… if you know you know. #BTSWEEK (Link in my bio for more @bts.bighitofficial!!)

A post shared by Jimmy Fallon (@jimmyfallon) on

ထို့နောက်မှာတော့ Grand Central Terminal performance အတွက် အဖွဲ့ဝင်တွေဟာအသင့်ပြင်ကြပါတယ်။ Jungkook, Jin နဲ့ RM တို့ကလည်း သူတို့ဘယ်လောက်ထိ စိတ်လှုပ်ရှားနေတယ်ဆိုတဲ့အကြောင်း မျှဝေထားပါတယ်။ Suga ကတော့ BTS တို့အလုပ်ကောင်းကောင်းလုပ်ဖို့လိုတယ်လို့ပြောထားသလို V ကတော့ ကကွက်တွေကို ထပ်ကာထပ်ကာ ပြန်လေ့ကျင့်နေပါတယ်။ J-Hope က Grand Central Terminal ဘူတာရုံကြီး ဟာ သူ့အိမ်ကြီးပါလို့ အရွှန်းဖောက်နေတဲ့အချိန် Jimin ကတော့ Terminal ကြီးက ကြီးမားလှတဲ့အကြောင်း၊ Jin ကတော့ နယူးယောက်သားတို့ကော်ဖီသောက်တဲ့ပုံစံလို ဟန်ဆောင်ကာ ပြောနေခဲ့ပါတယ်။

ထို့နောက်မှာတော့ ပြင်ဆင်ကြပြီးတဲ့ BTS အဖွဲ့သား၇ယောက်တို့ဟာ Grand Central Terminal ကြီးထဲမှာဖျော်ဖြေခဲ့ကြပါတယ်။ ဗီဒီယိုရိုက်ယူလို့အပြီးမှာတော့ Suga နဲ့ Jimin ကလွဲလို့ အဝတ်အစားတွေလဲခဲ့ကြပြီး BTS အဖွဲ့သားတွေက နယူးယောက်မှာ သူတို့တစ်လတာနေထိုင်ခဲ့တာနဲ့ပတ်သက်ပြီး ပြောပြခဲ့သေးတဲ့အပြင် နောက်တစ်ခါဆိုရင်တော့ Seoul Station မှာ ဖြေဖျော်သွားမယ့်အကြောင်း ပြောခဲ့တာကို pinkvilla သတင်းစာမျက်နှာအရသိရပါတယ်။

CeleNow