မော်ဒယ်အများစုဟာ ချောမောကြပြီး Sexy ကျတဲ့ Body တွေ အသီးသီးရှိကြပေမဲ့ ယခုလတ်တလော အင်တာနက်မှာ နာမည်ကြီးနေတဲ့ ကိုရီးယား မော်ဒယ်မလေးကတော့ အကြောင်းပြချက်တစ်ခုကြောင့် သူ့ကိုဝန်းရံချင်သူတွေ များနေပါတယ်။

တစ်ခြား ကိုရီးယားမော်ဒယ်တွေနဲ့ မတူတဲ့အချက်ကတော့ သူရဲ့ အလွန် Sexy ကျလွန်းတဲ့ ခန္ဓာကိုယ်အလှတရားလို့ ဆိုရမှာပါ။ ကိုရီးယားမော်ဒယ် တော်တော်များများဟာ ပိန်ပိန်ကပ်ကပ်၊ ချပ်ချပ်ရပ်ရပ် ခန္ဓာကိုယ်လေးတွေ ဖြစ်လေ့ရှိပါတယ်။

ဂျီဆုန်းကတော့ ပုံမှန်တွေ့မြင်နေရတဲ့ ကိုရီးယားမော်ဒယ်တွေနဲ့ မတူဘဲ ကွဲပြားနေပါတယ်။ ဒီကွဲပြားမှုကပဲ သူများထက် တစ်မူထူးသွားစေပြီး၊ နေ့ချင်းညချင်း အပျော်တမ်း မော်ဒယ်ဘ၀ကနေ ပရိုဘ၀အထိ လျင်မြန်စွာကူးပြောင်းနိုင်ခဲ့တာလို့ သုံးသပ်မိပါတယ်။ အခုလည်း ဂျီးဆုန်း ဘာလို့ အရှိန်ပြင်းပြင်းနဲ့ အောင်မြင်လာသလဲဆိုတာကို သိရှိနိုင်စေဖို့ သူမရဲ့ ရင်လေးဖွယ် အလှဓာတ်ပုံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

တောင်ကိုရီးယား အပျော်တမ်းမော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဂျီဆုန်း (Ji-seong)ဟာ သူမရဲ့ Sexy ကျတဲ့ခန္ဓာကိုယ်ကြောင့် ၀န်းရံသူတွေများပြားနေပြီး သူမရဲ့ Instagram အကောင့်မှာလည်း Follower တွေ အများကြီးရှိနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။