စစ်မှုထမ်းနေတဲ့ စစ်သားကြီး Ji Changwook ကတော့ သူ့ရဲ့ ပရိသတ်တွေကို ပထမဆုံးအကြိမ် နှုတ်ဆက်လိုက်ပါတယ်။ Ji Chang Wook ဟာ သြဂုတ်လ(၁၄)ရက်နေ့တည်းက စစ်မှုထမ်း သွားခဲ့တာပါ။ စစ်မှုထမ်းကာလကတော့  (၂၁)လ (၂ နှစ်နီးပါး) လောက် ကြာမြင့်ဖြစ်ပြီး (၂၀၁၉)ခုနှစ်ကျမှ တာဝန်တွေ ပြီးဆုံးသွားမှာပါ။

ဒီဇင်ဘာ(၂)ရက်နေ့တုန်းက သူ့ရဲ့ Instagram မှာ ဓါတ်ပုံတွေ အများကြီးတင်ခဲ့ပါတယ်။ စစ်မှုထမ်းနေတဲ့ကာလမှာ ခဏအားလပ်ချိန်ပေးတုန်းလေးမှာ သူရဲ့ဆွေမျိုးတစ်သိုက်နဲ့ရိုက်ထားတဲ့ ပုံလေးတွေပါ။ Caption ကတော့ ရိုးရှင်းစွာနဲ့ပဲ “Hi” တစ်ခုတည်းပဲ ရေးထားခဲ့ပါတယ်။

ပုံတွေကို တင်လိုက်ပြီး ချက်ချင်းဆိုသလိုအောက်မှာ Comments တွေ အများကြီးဝင်ရောက် ရေးသားခဲ့ကြပါတယ်။ အရမ်းကိုသတိရနေတဲ့အကြောင်း၊ အရမ်းလွမ်းနေတဲ့အကြောင်းတွေကို fan တွေက ၀င်ရောက်ရေးသားကြတာပါ။ ပုံတွေကိုတင်ပြီး ခဏလောက်အကြာမှာပဲ ဘာကြောင့်မှန်းတော့မသိရပေမယ့် Ji Changwook တစ်ယောက် ပုံတွေကို ပြန်ဖျက်သွားခဲ့တာကို တွေ့ရပါတယ်။ ဒီအကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားပါတယ်။

#စစ်မှုထမ်းဖို့ သွားတုန်းက ဓါတ်ပုံများ

#Training ကာလတုန်းက အမှတ်တရပုံများ

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။