Ji Chang Wook ကတော့  တောင်ကိုရီးယားရဲ့ နာမည်ကြီးမင်းသားပါ။Ji Chang Wook  ကတော့ လက်တေ လာမှာ စစ်မှုထမ်းတာဝန်တွေ ထမ်းဆောင်နေတာပါ။Ji Chang Wook ဟာ သြဂုတ်လ (၁၄)ရက်နေ့တည်းက စစ် မှုထမ်း သွားခဲ့တာပါ။ စစ်မှုထမ်းကာလကတော့  (၂၁)လ (၂ နှစ်နီးပါး) လောက် ကြာမြင့်ဖြစ်ပြီး (၂၀၁၉)ခုနှစ်ကျမှ တာဝန်တွေ ပြီးဆုံး သွားမှာပါ။လက်ရှိမှာတော့ Gangwon ပြည်နယ်က အမြောက်တပ်မှာ တာဝန် ထမ်းဆောင် နေတာပါ။

Ji Chang Wook တစ်ယောက် တပ်ကနေ ခွင့်ရခဲ့ပါတယ်။ သူရတဲ့ ခွင့်အချိန်ခဏလေးကို ပျော်ရွှင်စွာကုန်ဆုံးခဲ့ ပါ တယ်။ သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ ကုန်ဆုံးခဲ့ပါတယ်။ မေ(၆)ရက်နေ့က မင်းသား Choi Tae Joon နဲ့ CNBLUE ရဲ့  Lee Jong Hyun တိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့တွေကလည်း Ji Chang Wook နဲ့ တွေ့ဆုံတဲ့ ပွဲကို ရှယ်ထားပါတယ်။ သူငယ်ချင်း (၃)ယောက် က ပျော်စရာအချိန်လေးကို အတူကုန်ဆုံးခဲ့ကြပြီး Choi Tae Joon  ကတော့ ပုံရဲ့ caption နေရာမှာ ..“Kimchi cheese.” ဆိုပြီး ရေးထားပါတယ်။

Ji Chang Wook  ကတော့ သူ့အမေနဲ့ အတူ ကားမောင်းရင်း ပျော်နေတဲ့ ပုံကိုလည်း တင်ထားပါတယ်။ မိခင်ဖြစ်သူ ကတော့ သားချော Ji Chang Wook  နဲ့ အတူဆုံရလို့ အရမ်းကို ပျော်နေတဲ့ ပုံပါ။ (၂၀၁၇) သြဂုတ် မှာ စစ်မှုထမ်း သွားခဲ့တဲ့ Ji Chang Wook  ဟာ (၂၀၁၉) မေ (၁၃) ကျမှ တာဝန်တွေ ပြီးဆုံးမှာပါ။ Ji Chang Wook ကတော့ မနှစ်က military training လုပ်ခဲ့တုန်းကဆိုရင်  ထူးချွန်လို့ ဆုတောင်ရခဲ့ပါတယ်။

Source soompi