Jeon So Min က တော့ အခုနောက်ဆုံး ပြသသွားတဲ့ Running Man ရဲ့ အပိုင်း နဲ့ ပတ်သက်ပြီး တော်ေ တာ် လေး ကို ဝေဖန် ခံနေရပါတယ်။ဝေဖန်ပြောဆိုခံရတာ တွေ က သူမ အတွက် တော့ အရင်တည်းက လည်း ခံ နေရတာ ဆို ပေမယ့် ဒီတစ်ခါ က တော့ တော် တော်လေး ကို ဆိုးရွားပါတယ်။ အဖွင့်မှာတင်ပဲ BLACKPINK နဲ့ တွဲ က ခိုင်း ပြီး Jeon So Min ကို ပြစ်ဒဏ်ခံယူခိုင်းတာ..
BLACKPINK က အရင် ထွက်က ရပြီး ပြီးမှ Jeon So Min က ၀င်လာပြီး အလယ် နေရာ ကို ယူ လိုက် တာ တွေက ပရိသတ်တွေကို တော်တော် လေး ဒေါပွ စေခဲ့တာပါ။ဒါ့အပြင် Jisoo ကို ကန်တာ၊Ji Hyo ကို လည်း ကစား တဲ့ အချိန် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံ ခဲ့တာ တွေ ကြောင့် အခုဆိုရင် ပရိသတ်တော်တော်များများက Jeon So Min ကို Running Man က နေ ထုတ် ပေး ဖို့ ၀ိုင်းတောင်းဆို နေကြပါတယ်။
ဒီလို အနေ အထားတွေ တင်းမာ လာတဲ့ အချိန်မှာတော့ တစ်ဖက်မှာလည်း Jeon So Min ကို မုန်းတဲ့ သူတွေ ရှိသလို တစ်ဖက် မှာ လည်း သူမကို ချစ်ခင်အားပေးတဲ့ သူတွေ လည်း ရှိပါတယ်။သူမရဲ့ Fan တွေ က တော့ Jeon So Min ရဲ့ မောင်လေး Jeon Wook Min ကို သွားပြီး Jeon Somin ကို ဂရုစိုက် ပေးဖို့၊ comment section ကို ပိတ်ဖို့ ပြော ပေး ပါ ဆိုပြီး ၀ိုင်း တောင်းဆိုခဲ့ကြပါတယ်။Fan တွေ က အရမ်းစိတ်ပူ နေလို့ Comment Section ကို ပိတ် ပေး ဖို့ ပြော ပေး ဆိုပြီး Somin ဘက်က Fan တွေ က ပြောခဲ့တာပါ။ဒီအ ကြောင်းကိုတော့ Koreaboo မှာေ ဖ်ာပြထားတာပါ။
Jeon Wook Min က တော့ မကြာ သေးခင် တုန်းက သူ့ရဲ့ အကောင့်မှာ လက်ဆောင် တစ်ခု နဲ့ စာ တစ်စောင်ကို တင် ထားပါတယ်။အမ ဖြစ်သူ ဆီက နေ ရတဲ့ မွေးနေ့ လက်ဆောင်ပါ။ပုံရဲ့ Caption မှာတော့.” အစ်မ ကျန်းမာ ပါတယ်။ကျွန် တော်လည်း အမြဲ အားပေးနေမှာပါ။ကျေးဇူးတင်ပါတယ်..” ဆိုပြီး ရေးထားပါတယ်။ Jeon Wook Min လည်း Running Man မှာ ပါဝင် ခဲ့ဖူးပါတယ်။
#CELENOW