ဒီကနေ့  ဇန်န၀ါရီ ၁၆ ရက်နေ့က တော့ Blackpink အဆိုတော် Jennie ရဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့လေးပါ။မွေးနေ့ လေး မှာတော့ အမှတ်တရ ဓါတ်ပုံ တွေ အများကြီး တင်ခဲ့ပါတယ်။ Jennie က တော့ မကြာ သေးခင် တုန်းကမှ သူ မရဲ့ Single Song “Solo” က Youtube မှာ ကြည့်တဲ့ သန်း (၆၀၀) ကျော် ရခဲ့တာပါ။ Jennie ရဲ့ ဒီနှစ် မွေးနေ့လေးက တော့ သီချင်းအောင်မြင် မှု နဲ့ ရော မွေးနေ့ နဲ့ပါ အမှတ်တရ နှစ်ခု ရော နေ တယ်လို့ ပြောလို့ ရပါတယ် ။မွေးနေ့ အမှတ်တရ ပုံတွေ ထဲမှာတော့ အပြာ ရောင်ပန်းစည်းနဲ့ အတူ ရိုက်ထားတဲ့ ပုံတွေကိုပါ တင်ထားပါတယ်။ ဒီအ ကြောင်းကိုတော့ dnaindia မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by J (@jennierubyjane)

Jennie က လည်း သူမကို ချစ်ခင်ကြတဲ့ သူတွေ က ပေးလာတဲ့ ပန်းစည်းတွေ အများကြီးကိုလည်း Instagram မှာ တင်ထားပါတယ်။ Caption ကို တော့ ကိုရီးယားလို ရေးထားပါတယ်။ အဓိပ္ပါယ်က တော့ “ကျေးဇူးအများကြီး တင်ပါတယ်။ဘယ်ကေ န စ ပြော ရမှန်း တောင် မသိတော့ဘူး။ ကမ္ဘာပေါ်မှာ အလှဆုံး မွေးနေ့ လေးကို ပိုင်ဆိုင်ခွင့်ရလိုက်တယ်။အားလုံးကို ကျေးဇူးတင်ပါတယ်..” ဆိုပြီး တင်ထားပါတယ်။

 

View this post on Instagram

 

A post shared by J (@jennierubyjane)

Jennie ကိုတော့ January 16, 1996  က တောင်ကိုရီးယား ဆိုးလ် မှာ မွေးဖွားခဲ့တာဖြစ်ပြီး တစ်ဦးတည်းသော သမီးပါ။ သူမအသက် ၈ နှစ်သမီး မှာတော့ မိသားစု နဲ့ သြစတြေးလျ နဲ့ နယူးဇီလန် တို့ ကို ခရီးထွက်ခဲ့ပါတယ်။ နယူးဇီလန်ကို ရောက် တော့ မိခင် ဖြစ်သူက ဒီမှာ နေချင်လားလို့ Jennie ကိုေ မးခဲ့ပါတယ်။ Jennie က ဟုတ် ကဲ့ လို့ ပြောတဲ့ အခါ မှာတော့ အဲ့မှာ နေဖြစ်သွားခဲ့တာပါ။ နယူးဇီလန် Auckland မြို့မှာ ရှိတဲ့ at Waikowhai Intermediate School မှာ တက် ရောက် ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by J (@jennierubyjane)

Jennie ၁၄ နှစ်မှာ အမေရိကန် ပို့ပြီး ပညာဆက်သင် ခိုင်းမယ်လို့ မိခင်ဖြစ်သူက စီစဉ် ခဲ့ ဖူးပေမယ့်လည်း Jennie က သူမ ၀ါသနာ ပါတဲ့ ဂီတ လမ်းကြောင်းပေါ် ကို လျှောက် လှမ်းဖို့ ရွေးချယ်ခဲ့တာပါ။ မိဘတွေ ကလည်း သူမရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေးပြီး Jennie လည်း တောင်ကိုရီးယားကို ပြန်ရောက်လာခဲ့ပါတယ်။ YG ရဲ့ လူရွေး ပွဲမှာ ၀င် ပြိုင် ရင်း နဲ့ နောက်ဆုံးမှာတော့ Blackpink အဖွဲ့ ၀င် တစ်ဦး အဖြစ် နဲ့ ပွဲဦး ထွက်လာနိုင်ခဲ့တာပါ။

 

View this post on Instagram

 

A post shared by J (@jennierubyjane)

Jennie က တော့ ၂၅ နှစ်ပြည့် မွေးနေ့မှာကိုယ်ပိုင် Youtube Channel လည်း ဖွင့်ခဲ့ပါတယ်။

 

#CELENOW