Cosmopolitan Men  မဂ္ဂဇင်းကနေ Jay Park နဲ့ ဓါတ်ပုံလည်းရိုက်ရင်း အင်တာဗျူးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှာတော့ Jay Park ကို သူသဘောကျတဲ့ မိန်းကလေးပုံစံကို မေးခဲ့ပါတယ်။

Jay Park က သူ့ဆီမှာ အရာအားလုံးကို မြှုပ်နှံထားပြီး သစ္စာရှိတဲ့မိန်းကလေးမျိုးကို သဘောကျတယ်လို့ ပြောခဲ့ပါတယ်။

“ကျွန်တော်က မြင်မြင်ချင်းတော့ မချစ်တတ်ပါဘူး။ တစ်စုံတစ်ယောက်ကိုသိတာကြာလေလေ၊ ပိုပြီးသဘောကျလေလေပဲ”လို့ Jay Park က ပြောခဲ့ပါတယ်။

Cosmopolitan Men မဂ္ဂဇင်းကနေ Jay Park ကို နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးခဲ့ပါတယ်။ အဲဒါကတော့ လူတစ်ယောက်ကို ကိုယ်က သဘောကျနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတဲ့မေးခွန်းလေးဖြစ်ပါတယ်။

“မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ်၊ မိသားစုဝင်ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ကိုယ်ရဲ့အချိန်တွေ၊ အားထုတ်မှုတွေအကုန် မြှုပ်နှံထားမိပြီဆို အဲဒီလူကို သဘောကျနေတာ သေချာပါပြီ” လို့ ပြောခဲ့ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celennow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။